28 C
Yangon

ထိုင်းတွင် ကာလတို ED visa နှင့် ကျောင်းတက်နေသည့် လူငယ်များကို စစ်ကောင်စီက passport သက်တမ်းတိုးခြင်း ရပ်ဆိုင်းလိုက်ပြီး အတင်းအဓမ္မ စစ်မှုပြန်ထမ်းစေရန် ထပ်မံကြိုးပမ်း

Must read

ထိုင်းတွင် ကာလတို ED visa နှင့် ကျောင်းတက်နေသည့် လူငယ်များကို စစ်ကောင်စီက passport သက်တမ်းတိုးခြင်း ရပ်ဆိုင်းလိုက်ပြီး အတင်းအဓမ္မ စစ်မှုပြန်ထမ်းစေရန် ထပ်မံကြိုးပမ်း

ရန်ကုန်၊ စက်တင်ဘာ ၁၂

ထိုင်းနိုင်ငံတွင် ကာလတိုသင်တန်းများနှင့် Non ED visa ရယူထားသူများ နိုင်ငံကူးလက်မှတ် Passport အသစ်လဲလှယ်ခြင်းကို ဘန်ကောက်သံရုံးနှင့် ချင်းမိုင်ကောင်စစ်ဝန်ရုံးများတွင် မထုတ်ပေးတော့ဟု ကြေညာခြင်းသည် လူငယ်များကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်ကာ အတင်းအဓမ္မ စစ်မှုထမ်းစေရန် ကြိုးပမ်းခြင်းဟု လက်ရှိ Non ED Visa နှင့် နေထိုင်နေသည့် လူငယ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ ရက်စွဲနှင့် Non-ED Visa ရယူ၍ ကာလတို Virtual format ပုံစံဖြင့် တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများ အလွန်များပြားလာသည့်အတွက် စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ passport သက်တမ်းတိုးခြင်း ရပ်ဆိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ဒီဟာက သက်သက်ကြီး မိုက်ရိုင်းတာပါ။ Language visa နဲ့ ကျောင်းတက်နေသူတွေ passport သက်တမ်းမတိုးပေးဘူးဆိုတော့ မြန်မာပြန်ခိုင်းတာ။ မြန်မာပြန်ရင်လည်း ပြန်ထွက်ခိုင်းတော့မှာ မဟုတ်ဘူး။ စစ်မှုထမ်းဖို့ အတင်းခိုင်းတော့မှာ”ဟု ထိုင်းနိုင်ငံတွင် ထိုင်ဘာသာစကားနှင့် Non ED Visa ရယူနေထိုင်နေသည့် လူငယ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီအနေနှင့် ကာလရှည် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများကိုမူ ယခင်အတိုင်း Passport for Education (PE) လဲလှယ်ခြင်းကို ဆောင်ရွက်ပေးမည်ဟု ဆိုထားသော်လည်း အပြည့်အဝယုံကြည်၍ မရနိုင်ကြောင်း ထိုင်းနိုင်ငံရောက် Non ED Visa နှင့် နေထိုင်နေသူများက ပြောဆိုသည်။

“ထိုင်းကတောင် visa ထုတ်ပေးထားတာကို သူတို့က တမင် ယုတ်တာဗျာ။ ချောင်ပိတ်ရိုက်ဖို့ လုပ်တာ။ တကယ်မထုတ်ပေးဘူးဆိုရင် ပြန်လည်း မနေတော့ဘူးဗျာ။ တမင် စစ်မှုထမ်းစေချင်လို့ သက်တမ်းတိုးမပေးတာ”ဟု Non ED Visa ရယူနေထိုင်နေသည့် လူငယ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article