25.9 C
Yangon

မလှိုင်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး လက် နက် ၆ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးပြီး လက်နက် ၆ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းမှ ကိုဝမ်းတူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၂ ရက်နေ့တွင် မလှိုင်မြို့မှ ထွက်ခွာလာသည့် အင်အား ၁၀၀ ခန့်ပါ တပ်မ ၉၉ ပူးပေါင်းစစ်ကြောင်းကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းနှင့် မဟာ မိတ်ပူးပေါင်းအဖွဲ့များက ပန်းအိုင်ရွာနှင့် ကျောက်တွင်းရွာအကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ယင်းကျေးရွာအနီးတစ် ဝိုက်တွင် ၁၅ ရက်ခန့် ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အထိနာကာ စစ်သား အလောင်းများ၊ ဒဏ်ရာရရှိသူများနှင့် ရိက္ခာ၊ ခဲယမ်းများကို စွန့်ပစ်ခဲ့ပြီး ပန်းအိုင်ကျေးရွာအတွင်းသို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှုအတွင်း တပ်မ ၉၉ လက်မောင်းတံဆိပ်ပါ စစ်သား အလောင်း ၄ လောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက မျက်မြင်တွေ့ရှိခဲ့ပြီး ခြေပြတ်၊ လက်ပြတ်ဒဏ်ရာရရှိသူ အပါအဝင် သေဆုံးဒဏ်ရာရသူ အများအပြားရှိကြောင်း သိရသည်။

“ပန်းအိုင်ရွာထဲမှာ ၆ ဦး ထပ်သေတယ်လို့ သိရတယ်။ စစ်ခွေး သေဆုံးတာ စုစုပေါင်း ၁၀ ဦးပါ။ စစ်ခွေးအင်အားက ၁၀၀ ခန့်ရှိပါတယ်။ ကျွန်တော်တို့ သေနတ် ၆ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိပါတယ်။ ကျွန်တော်တို့ စစ် ဆင်ရေး ဖော်ဆောင်နေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်သူများအနေနဲ့ ပါဝင်ကူညီပေးကြဖို့ ပြောချင်ပါတယ်” ဟု မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းမှ ကိုဝမ်းတူးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်ထံမှ RPG ၁ လက်၊ MA-1 ၂ လက်၊ MA-2 ၁ လက်နှင့် MA-3 ၂ လက်အပြင် လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း၊ မိတ္ထီလာခရိုင် အမှတ် (၂) တပ်ရင်း၊ မိတ္ထီလာခရိုင် ပကဖ၊ မလှိုင်မြို့နယ် ပကဖ၊ စဉ့်ကိုင်မြို့နယ် ပကဖ နှင့် မိတ္ထီလာမြို့နယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article