26 C
Yangon

သြဂုတ်လအတွင်း ဒုဗိုလ်မှူးကြီး ၃ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၃ ဦး အပါအဝင် တပ်သားနှင့် ရဲ ၄၁ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ

Must read

သြဂုတ်လအတွင်း ဒုဗိုလ်မှူးကြီး ၃ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၃ ဦး အပါအဝင် တပ်သားနှင့် ရဲ ၄၁ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ

ရန်ကုန်၊ စက်တင်ဘာ ၁၂

သြဂုတ်လအတွင်း ဒုဗိုလ်မှူးကြီး ၃ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၃ ဦး အပါအဝင် တပ်သား နှင့်ရဲ ၄၁ ဦး ပြည်သူ့ရင်ခွင် ခိုလှုံကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရက ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ပကဖများကို ဆက်သွယ်ကာ သြ ဂုတ်လအတွင်း တပ်သားနှင့်ရဲ ၄၁ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြကြောင်းသိရသည်။

အရာရှိအဆင့် ဒုဗိုလ်မှူးကြီး ၃ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၃ ဦး အပါအဝင် တပ်သားနှင့်ရဲ ၄၁ ဦး အကြမ်းဖက်စစ်တပ်ကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်း လာခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

အဆိုပါ ၄၁ ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများလည်း ရှိပြီး လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်းသိရသည်။

သြဂုတ်လအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ ၁၉ လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့ကြကြောင်းသိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံ ရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်းကြောင်း အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article