27 C
Yangon

ဟားခါးမြို့ပေါ်ရှိ ဒုရဲအုပ် ၁ ဦးနှင့် ကမ္မမြို့ရှိ မြို့ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

ဟားခါးမြို့ပေါ်ရှိ ဒုရဲအုပ် ၁ ဦးနှင့် ကမ္မမြို့ရှိ မြို့ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ စက်တင်ဘာ ၁၃

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှ ဒုရဲအုပ် ၁ဦးက လက်နက်ခဲ ယမ်းများယူဆောင်လာပြီး CDF- Hakha ထံအလင်းဝင်ရောက် ခဲ့တယ်လို့ CDF-Hakha ကပြော ဆိုသည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင် အလင်းဝင်လာစော ဒုရဲအုပ် ၁ ဦးသည် ရိုင်ဖယ် သေနတ် ၁လက် ၊ ပစ္စတို ၁ လက်၊ ကျည် ၁၅ ထောင့်နှင့် Grenade 40 MM ၃၀ ကျော် တို့ကို ယူဆောင်လာပြီး CDF- Hakha ထံ အလင်းဝင်ရောက်ခဲ့ခြင်းကြောင်း သိရှိရသည်။

ထိုသို့ လက်နက်နှင့် တကွ အလင်းဝင်ရောက်လိုသူများသည် CDF-Hakha ကို အချိန်မရွေး ဆက် သွယ်နိုင်ပြီး အလင်းဝင်လာသူများ၏ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူပြီး ဂုဏ်ပြု ဆုငွေများလည်း ချီးမြှင့်သွားမည်ကြောင်း ပြောဆိုထားသည်။

အလားတူ မကွေးတိုင်း၊ ကမ္မမြို့ရှိ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက် ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း People Defence Force- Kamma တပ်ဖွဲ့ က ပြောဆိုသည်။

စက်တင်ဘာလ ၁၂ရက်နေ့တွင် ကမ္မမြို့အတွင်းရှိ ရဲစခန်းမှ ရဲတပ်သား ၁ ဦး သည် Uzi သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ 9 mm ၁၃၁ တောင့် နှင့် G3 ကျည် ဘောက် ၄ ခု နှင့် ကျည် ၃၇ တောင့်တို့ ယူဆောင်လာပြီး Kamma တပ်ဖွဲ့ထံကို အလင်းဝင်လာ ကြောင်း သိရှိရသည်။

PDF Kamma တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီလက်အောက်မှ ရုန်းထွက်လာသူများကို လှိုက်လှဲစွာ ကြိုဆိုလျက်ရှိကြောင်း အသိပေး ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article