32 C
Yangon

ကြာအင်းဆိပ်ကြီးမြို့နယ်၊ လွတ်ရှမ်းရွာ စစ်တပ် အထိုင်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦး သေဆုံး၊ စစ်သားများ တပ်ပျက်ပြီး ထွက်ပြေး

Must read

ကြာအင်းဆိပ်ကြီးမြို့နယ်၊ လွတ်ရှမ်းရွာ စစ်တပ် အထိုင်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦး သေဆုံး၊ စစ်သားများ တပ်ပျက်ပြီး ထွက်ပြေး

ရန်ကုန် ၊ စက်တင်ဘာ ၁၃

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လွတ်ရှမ်းကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ၂ ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး စစ်သားများ တပ်ပျက်၍ ထွက်ပြေးသွားကြောင်း အထူး စစ်ဆင်ရေးတပ်ဖွဲ့ – SOF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၄ ရက်နေ့တွင် ရိက္ခာ၊ လက်နက်ခဲယမ်း၊ စစ်ကူလမ်းကြောင်းများ ပိတ်ဆို့ဖြတ်တောက် ထားသည့် တောင်ပိုင်းစစ်ဒေသ ၊ KNU တပ်မဟာ ၆ နယ်မြေ၊ လွတ်ရှမ်းကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ အင်အား ၇၀ ကျော်ဖြင့် အထိုင်ချထားသော စခန်းကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး ၃၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်က ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် Mi 35 ဖြင့် တစ် ကြိမ်၊ ညနေ ၃ နာရီခန့်တွင် Y12 လေယာဉ် ၂ စီးဖြင့် နှစ်ကြိမ် လာရောက်၍ ဗုံးသီး အလုံး ၁၀၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာနေအိမ်များ၊ ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA ၊ PDF နှင့် ဒရုန်းပူးပေါင်းတပ်များမှ လမ်းကြောင်းများ ဖြတ်တောက် ခဲ့ပြီး KNLA ၊ SOF၊ တောင်ညို၊ SOG ပူးပေါင်းအဖွဲ့နှင့် Dawna Dragon ဒရုန်းအဖွဲ့နှင့် Cloud Wings ဒရုန်းပူးပေါင်းအဖွဲ့များ နေ့စဥ်ပိတ်ဆို့ ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများက ညနေပိုင်းတွင် လက်နက်ကြီးများ တရစပ်ပစ်ခတ်ခြိမ်းခြောက်ခဲ့ပြီး စက် တက်ဘာလ ၁၂ ရက်နေ့ နံနက်အာရုံဦးတက်အချိန်တွင် ဒဏ်ရာရရဲဘော်များခေါ်ဆောင်ကာ စခန်း တွင်းရှိ အကြမ်းဖက် စစ်သားများ အားလုံး တပ်ပျက်၍ စခန်း စွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်ကြောင်းသည် ဒေသနေပြည်သူ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးကို လမ်း ပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှင်းပန်းနှိပ်စက်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း၊ အကြမ်းဖက် စစ် သားများ စွန့်လွှတ်သွားသည့် စခန်းကို ဝင်ရောက်ရှင်းလင်းစဉ် စစ်တပ်က ထောင်ထားသည့် မိုင်းများ၊ စစ်သုံး ပစ္စည်း အနည်းငယ်နှင့် ကျည်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း အထူး စစ်ဆင်ရေးတပ်ဖွဲ့ – SOF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article