27 C
Yangon

စစ်ကောင်စီက လားရှိုးမြို့နယ်နှင့် ဆက်စပ်နေသော နန်ဘိုင်းကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သား ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

Must read

စစ်ကောင်စီက လားရှိုးမြို့နယ်နှင့် ဆက်စပ်နေသော နန်ဘိုင်းကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သား ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်နှင့် ဆက်စပ်နေသော နန်ဘိုင်းကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ညပိုင်း စက်တင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီအချိန် စစ်ကောင်စီတပ်က လားရှိုးမြို့နယ်နှင့် ဆက်စပ်နေသော သိန္နီခရိုင် သံလွင်လျင်ဟိုမြို့နယ် နန်ဘိုင်းရွာ လူနေအိမ်ကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်ခဲ့ရာ အပြစ်မဲ့ ပြည်သူ ၅ ဦး သေဆုံးခဲ့ကြောင်း၊ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး သုံးဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်မှ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်ထိ စစ်ကောင်စီက နောင်ချိုမြို့နယ်အတွင်းသို့ လေကြောင်းမှတစ်ဆင့် ထပ်ခါ ထပ်ခါ လာရောက်ပစ်ခတ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုကဲ့သို ဗုံးကျဲတိုက်ခိုက်မှုကြောင့် နောင်ချိုရဲစခန်းဝန်းအတွင်းနှင့် လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးများ ထိခိုက်ပျက်စီသွားခဲ့ကြောင်း၊ စစ်ကောင်စီက ယမန်နေ့ တစ်နေ့လုံး လေကြောင်းမှ ဗုံး ၁၃ လုံး ကျဲချခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

အလားတူ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ကရင် ပြည် နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော် မြို့သစ်နှင့် ထီးမယ်ဝါးခီကျေးရွာကို စစ် တပ်က လေယာဉ်များဖြင့် ဗုံးများကျဲချသွားခဲ့ကြောင်း၊ လတ်တလော အထိ အခိုက်အပျက်အစီး အခြေအနေမသိရှိရသေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article