28 C
Yangon

တနင်္သာရီမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာ၍ တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား

Must read

တနင်္သာရီမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာ၍ တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား

ရန်ကုန်၊ စက်တင်ဘာ ၁၄

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာ၍ တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြားကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ က ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့မှ စ၍ အကြမ်းဖက် စစ်တပ်သည် အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲ၍ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့မှ စ၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခြောက်မိုင်ရွာ၊ ဘန်လောရွာနှင့် ဘန်လင်ရွာတို့ကို စစ်ကြောင်းများထိုးလာသောကြောင့် နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ခဲ့ကြောင်း၊ အဆိုပါ ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့သော်လည်း စစ်ကြောင်းသည် နောက်ပြန်ဆုတ်ခြင်းမရှိဘဲ ဆက်လက် တိုးလာ၍ စက်တင်ဘာလ ၁၁ ရက်နေ့ထိ တိုက်ပွဲရပ်နားခြင်းမရှိဘဲ ပြင်းထန်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာ ၁၁ ရက်နေ့တွင် ကျွဲထိန်းကုန်းရွာတွင် တပ်ဖြန့်ထားသော မြိတ်ခရိုင် စစ်ကြောင်း ၂ နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော ဒရုန်း၊ ၁၂၀ မမ တို့ ထိမှန်၍ ကျွဲထိန်းကုန်းရွာမှ အရပ်သား ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားပြီး မြိတ်ခရိုင် ပူးပေါင်း စစ်ကြောင်း ၁ မှ ရဲဘော်များလည်း ထိခိုက်ဒဏ်ရာရရှိသူ များပြားကာ မြိတ်ခရိုင်ပူးပေါင်း စစ်ကြောင်း ၂ မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ပွဲများသည် ထပ်မံ ပြင်းထန်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိစွာဖြင့် နေထိုင်ကြရန်နှင့် စစ်ဘေးလွတ်သည့် ခေတ္တရှောင်တိမ်းရမည့်နေရာများ ကြိုတင်ရှောင်ရှား ပြင်ဆင်ထားကြပါရန် အနူးအညွတ်ပန်ကြားအပ်ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article