ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်ဝှမ်း ရေတိုက်စားမှုကို ကြိုတင် ပြင်ဆင်နိုင်ရန်နှင့် ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်ရန် ပကဖ၊ ပအဖ ရဲဘော်များ လုပ်ဆောင်နေ
ရန်ကုန်၊ စက်တင်ဘာ ၁၄
ပဲခူးတိုင်း အတွင်း စစ်တောင်းမြစ်ဝှမ်း ရေတိုက်စားမှုကို ကြိုတင် ပြင်ဆင်နိုင်ရန်နှင့် ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်ရန် ပဲခူးတိုင်း ပကဖ က ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် စစ်တောင်းမြစ်ဝှမ်း ရေတိုက်စားမှု အခြေအနေကို ကြိုတင်ပြင်ဆင်နိုင်ကြရန်နှင့် ဒေသ လူထုအတွက် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်နှင့် တပြေး ညီဆောင်ရွက်နိုင်ရေး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပဲခူးတိုင်း စစ်ရေးတာဝန်ခံ ဦးဆောင်သည့် အဖွဲ့က မြို့နယ်ပကဖ၊ ပအဖအဖွဲ့များနှင့် တွေ့ဆုံကြကာ ညှိနှိုင်း ဆောင်ရွက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။