27 C
Yangon

တောင်သာမြို့နယ်၊ ပြဿဒ်ကြီးရွာ ဘုရားကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်မှု စေတီတော်များ ပျက်စီး

Must read

တောင်သာမြို့နယ်၊ ပြဿဒ်ကြီးရွာ ဘုရားကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်မှု စေတီတော်များ ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၁၅

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပြဿဒ်ကြီးရွာ ဘုရားကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စေတီတော်များ ပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တောင်သာမြို့နယ်၊ ပြဿဒ်ကြီးရွာ ဘုရားကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စေတီတော်များ ပျက်စီးခဲ့ကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်မှုတော့ မရှိပါဘူး။ ဘုရားကျောင်းဝင်းထဲကို လေကြောင်းနဲ့ ဗုံးကျဲ သွားတာပါ။ စေတီတော်တွေတော့ ပျက်စီးသွားတယ်။ ယနေ့အချိန်ကတော့ တိုင်းပြည်မှာ သဘာဝကပ်ဘေးပေါ့။ ရေဘေးတွေလည်း ဒီလောက်ကြီးမားနေတာတောင် အပြစ်မဲ့ပြည်သူတွေကို အငြိုးတကြီးနဲ့ ရက်ရက်စက်စက် လေယာဉ်နဲ့ ပစ်ခတ်တာတော့ စစ်ခေါင်းဆောင်ရဲ့ နောက်လိုက်အားလုံး လူစိတ်ပျောက်နေတဲ့ အကြမ်းဖက် အဖွဲ့အစည်းဖြစ်တယ်လို့ပြောချင်တယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ဩဂုတ်လ ၁၁ ရက်နေ့မှစပြီး ယနေ့အချိန်အထိ တောင်သာမြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု ၇ ကြိမ် ပြုလုပ်ခဲ့ပြီး ဘုန်းကြီးကျောင်းများကို ၄ ကြိမ် ဦးတည် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၁ ရက်နေ့ လေကြောင်း တိုက်ခိုက်မှုတွင် ပြဿဒ်ကြီးရွာ ကမ်းဘားယံ ဘုန်းကြီးကျောင်းကို တိုက်ခိုက်ခဲ့ပြီး ကျောင်းဆောင် ၃ ဆောင်ပျက်စီးခဲ့ကြောင်း၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် မကျီးကုန်းရွာ ဘုန်းကြီးကျောင်းကို လေကြောင်း တိုက်ခိုက်ခဲ့ပြီး ခေါင်မိုးများ ပေါက်ထွက်ခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ကျွဲတလင်းရွာ ဘုန်းတော်ကြီးကျောင်းကို လေကြောင်း တိုက်ခိုက်ခဲ့ပြီး ကျောင်းဆောင် ၃ ဆောင်ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article