24.8 C
Yangon

တရုတ်မှာ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရေး၊ အီလက်ထရောနစ် စစ်ဆင် ရေး နဲ့ လေကြောင်းရန် ကာကွယ်ရေး စက်လက်နက် ပစ္စည်းတွေကို လေ့လာတဲ့အပြင် နည်းပညာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေ တရုတ်ကုမ္ပဏီတွေနဲ့ စစ်ကောင်စီဝန်ကြီး ဆွေးနွေးတယ်လို့ဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

တရုတ်နိုင်ငံရောက် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး တင်အောင်စန်းက မောင်း သူမဲ့လေယာဉ် ထုတ်လုပ်ရေး၊ အီလက်ထရောနစ်စစ်ဆင်ရေးနဲ့ လေ ကြောင်းရန် ကာကွယ်ရေး စက်လက်နက်တွေကို လေ့လာပြီး နည်းပညာပူးပေါင်းဆောင်ရွက်နိုင်မယ့်အခြေအနေတွေ တရုတ်ကုမ္ပဏီတွေနဲ့ဆွေးနွေးတယ်လို့ အကြမ်းဖက် စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့ကနေ စက်တင်ဘာလ ၁၅ ရက်နေ့အထိ အကြမ်း ဖက် စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး တင်အောင်စန်းက ၁၁ ကြိမ်မြောက် ပေကျင်းရှန်ကျန်း ဖိုရမ်တက်ရောက်ခဲ့ရင်း ဒီလို​ဆွေးနွေးမှုတွေ လုပ်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီဝန်ကြီး တင်အောင်စန်းက တရုတ်နိုင်ငံ၊ ဘေကျင်းမြို့ အခြေစိုက်အဆင့်မြင့် စက်မှုနည်းပညာ ဆိုင်ရာကုမ္ပဏီတွေကို သွားရောက်လေ့လာခဲ့ပြီး လေကြောင်းနည်းပညာဆိုင်ရာ ခေတ်မီထုတ်ကုန်များ၊ မောင်းသူမဲ့လေယာဉ်ထုတ်လုပ်မှုများ၊ အီလက်ထရောနစ် စစ်ဆင်ရေးနဲ့ လေကြောင်းရန်ကာ ကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက်နက်ပစ္စည်းတွေကို လေ့လာကြည့်ရှုခဲ့တဲ့အပြင် နည်းပညာပူးပေါင်းဆောင်ရွက် နိုင်မှုအခြေအနေတွေကိုလည်း တရုတ်ကုမ္ပဏီတွေရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီအတွက် တရုတ်နိုင်ငံမှာရှိတဲ့ လုံခြုံရေးကုမ္ပဏီတွေဘက်က ဒရုန်းတွေ ရောင်းချပေးတာတွေရှိပြီး အထူးသဖြင့်တော့ ထောက်လှမ်ရေး ဒရုန်းတွေ၊ လယ်ယာစိုက်ပျိုးရေးသုံး ဒရုန်းတွေကို စင်းရေ အများအပြား တင်ပို့ ရောင်းချနေတာလည်းရှိပါတယ်။ စစ်ကောင်စီက အဲဒီဒရုန်းတွေကို တော်လှန်ရေးတပ်တွေကို တန်ပြန်ထိုးစစ်ဆင်ရာမှာ အသုံးပြုနေတာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဖြစ်ပေါ်ရေး လိုလားတယ်လို့ မကြာခဏ ပြောဆိုနေပေမယ့်လည်း စစ်ကောင်စီထံကို စစ် လက်နက်ပစ္စည်းရောင်းချတာတွေ၊ ဒရုန်းတွေ ရောင်းချတာတွေ၊ စစ်ကောင်စီဝန်ကြီးတွေကို တရုတ်နိုင်ငံဖိတ်ပြီး အစည်းအဝေး တက်ခွင့်ပြုတာတွေကို ဆက်တိုက် ဆိုသလို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article