24.8 C
Yangon

တန်တလန်၊ လိုင်ဗီလာဟိုတယ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သား ၃ ဦးက သေနတ် ၄ လက်နှင့်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

ချင်းပြည်နယ်၊ တန်တလန်မြို့ရှိ လိုင်ဗီလာဟိုတယ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သား ၃ ဦးသည် သေနတ် ၄ လက်နှင့်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် လိုင်ဗီလာဟိုတယ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သား ၂ ဦးနှင့် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ၁ ဦးသည် ချင်းလဲန်းကောင်စီထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စစ်ကောင်စီ တပ်သား ၃ ဦးသည် G-3 အမျိုးအစား သေနတ် ၄ လက် ၊ ကျည်ဘောက်များနှင့် ကျည်ဆံ အမြောက်အများ ယူဆောင်လာကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article