24.8 C
Yangon

မုံရွာမြို့နယ်တွင် ပျူစောထီး ၂ ဦးကို Jammer စက်၊ လက်ပစ်ဗုံး၊ ခဲယမ်းကျည်များနှင့်အတူ အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီး ၂ ဦး ကို အရှင် ဖမ်းမိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖက သတင်းထုတ်ပြန်သည်။

မုံရွာမြို့နယ်၊ တောပုရွာမှ ပျူစောထီးအဖွဲ့ဝင် အောင်ဆန်းမြင့်နှင့် ကန့်ဘလူမြို့နယ်၊ ပျူစောထီး ခေါင်းဆောင် ဝါသဝ၏ တပည့် ပျူစောထီး ဝင်းကို တို့ကို Jammer စက် ၁ လုံး၊ လက်ပစ်ဗုံး၊ ကျည်ဆံ၊ ကျည်ဘောက်များနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့ – ပလဖ တို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article