24.8 C
Yangon

မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းပြည်တို့တွင် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းနှင့်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းနှင့် လေဖိအားနည်းရပ်ဝန်းတို့ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးခြင်းနှင့်မြေပြိုခြင်းများ ဖြစ်ပွားနိုင်ဟု NUG က သတိပေးချက် ထုတ်ပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

မြန်မာနိုင်ငံအရှေ့ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းနှင့်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းနှင့် လေဖိအားနည်းရပ်ဝန်းတို့ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးခြင်းနှင့်မြေပြိုခြင်းများ ဖြစ်ပွားနိုင်ဟု အမျိုးသားညီညွတ်ရေးအစိုးရ- NUG က သတိပေးချက် ထုတ်ပြန်လိုက်သည်။

ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းနှင့်တောင်ပိုင်းတို့တွင် အပူပိုင်းမုန်တိုင်းနှင့်လေဖိအားနည်းရပ်ဝန်းများ ဆက်လက်တည်ရှိနေကြောင်း၊ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်မှန်းချက်များအရ တောင်တရုတ်ပင်လယ်အတွင်း လာမည့် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း၊ ဖိလစ်ပိုင်ပင်လယ်တွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း Pulasan သည် စက်တင်ဘာလ ၁၈ရက်နေ့၊ ညနေပိုင်းတွင် ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်း၏ အနောက်တောင်ပိုင်းကိုဖြတ်ကျော်၍ အင်အားလျော့ နည်းသွားမည်ဟု ခန့်မှန်းထားကြောင်း၊ သို့ရာတွင် အဆိုပါမုန်တိုင်းသည် အပူပိုင်းမုန်တိုင်းအဆင့်တွင်ဆက်လက်တည်ရှိနေပြီး တောင်တရုတ်ပင်လယ်ကို ဖြတ်ကျော်၍ စက်တင်ဘာ ၁၉ ရက်နေ့ညပိုင်းတွင် တရုတ်နိုင်ငံအရှေ့တောင်ပိုင်း Zhejiang ပြည်နယ်တွင် ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း၊ ထို့နောက်ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိပြီး စက်တင်ဘာလ ၂၁ရက်နေ့တွင် Anhui ပြည်နယ်တောင်ဘက်ပိုင်းတွင် အားပျော့ပျက်ပျယ်သွားမည်ဟု ခန့်မှန်းရရှိကြောင်း သိရှိရသည်။

ထို့အတူ တောင်တရုတ်ပင်လယ် အထက်ပိုင်းတွင်ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း၊ အဆိုပါ အပူပိုင်းမုန်တိုင်း သည် ဗီယက်နမ်နိုင်ငံအတွင်း မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး လာအိုနိုင်ငံတောင်ပိုင်းကို ဖြတ်သန်း၍ ထိုင်းနိုင်ငံအရှေ့ခြမ်းတွင် အားပျော့ ပျက်ပြယ်သွားနိုင်ကြောင်း ခန့်မှန်းထားကြောင်း သိရှိရသည်။

အဆိုပါအပူပိုင်းမုန်တိုင်းများ၏ သက်ရောက်မှုများကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းပြည်နယ်နှင့် အရှေ့တောင်ပိုင်း ဒေသများဖြစ်သည့် ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် မိုးသည်း ထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေနိမ့် ဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်ကြောင်း၊ အဆိုပါဒေသများ တွင်နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းအန္တရာယ်များကို သတိပြုနေထိုင်ကြပါရန် NUG အစိုးရက သတိပေးချက် ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article