27 C
Yangon

သီပေါနှင့် တနင်္သာရီ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးနှင့် လေကြောင်းတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ

Must read

သီပေါနှင့် တနင်္သာရီ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးနှင့် လေကြောင်းတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်၊ သီပေါမြို့ တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာခဲ့ပြီး ကား ၁စီး မီးလောင် ပျက်စီးခဲ့ကြောင်း TNLA က ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က စစ်ရေး ပစ်မှတ်မဟုတ်သည့် ပြည်သူများတည်ရှိရာ သီပေါမြို့ အတွင်းကို လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အုတ်ကျင်းရပ်ကွက်၊ ဘုရားကြီးကျောင်း အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ၎င်းကျောင်းဝန်းအတွင်း နေထိုင်သည့် အသက် ၆၀ နှစ် အရွယ် ဒေါ်ငယ် ဘယ်ဘက်လက် ထိခိုက်ဒဏ်ရာရရှိသည့်အပြင် ကား၁ စီး နှင့် ကားပေါ် တင် ဆောင် ထားသည့် ကုန်ပစ္စည်းများလည်း မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် ထပ်မံ လာရောက် ဗုံးကျဲမှုကြောင့် ပန်တိမ်တောင် (မြောက်) ရပ်ကွက်ရှိ ဝက်ဝံစျေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စျေးရောင်းနေသည့် အသက် ၁၄ နှစ်အရွယ် အမျိုး သမီးငယ် ၁ ဦး၏ လည်ပင်းတွင် ဗုံးစထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ည ၇ နာရီ ဝန်းကျင်အချိန်တွင် အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ဗုံး ၂ လုံးနှင့် ည ၇ နာရီ ၃၀ မိနစ်ခန့် တွင် Y-12 လေယာဥ်ဖြင့် ဗုံးအလုံး ၆၀ နီးပါး လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အများစုသည် မြို့တွင်းရှိ လူနေ ရပ်ကွက် အတွင်းကျရောက် ပေါက်ကွဲခဲ့ကြောင်း TNLA က ပြောဆိုသည်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်မှုကြောင့် ပြည်သူလူထု ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင် တနင်္သာရီ မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က သကျက်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးဝင် ရောက်လာပြီး ကျွဲထိန်းကုန်းကျေးရွာအတွင်းကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ အသက် ၅၇နှစ်အရွယ် ဒေါ်စန်းသီ ၊ အသက် ၄၀နှစ်အရွယ် ဒေါ်စန်းသွယ်၊ အသက် ၁၈နှစ်အရွယ် မဖြူဇင်အေး နှင့်အသက် ၂၁နှစ်အရွယ် မောင်နေနိုင်သူ တို့ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကွင်းသစ်ကျေးရွာ အတွင်းကို ဒရုန်းဖြင့် ဗုံး ၂ လုံး ထပ်မံကျဲတိုက်ခိုက်ခဲ့ရာကျေးရွာနေ ဦးသီဟ၏ နေအိမ် ထိခိုက် ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားပြီး ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများ အတွင်းနှင့် လုပ်ကိုင်စားသောက်ရာလုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လက်နက်ကြီးများ ပစ်ခတ်ခြင်း လေကြောင်းဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် ထိတ်လန့် ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကာ အခြေခံ စားနပ်ရိက္ခာ ဆေးဝါး နှင့် နေရာထိုင်းခင်းတို့ အတွက် အမိုးအကာများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ပြည်သူလူထုများ ရိက္ခာဝယ်ယူရန်အတွက် အဓိက အသုံးပြုသည့် တနင်္သာရီ− သကျက် လမ်းပိုင်းရှိ ဘောဒိကာ တံတား၌ ပြည်သူလူထု သွားလာခွင့်ကို ပိတ်ဆို့ထား သည့်အတွက် ရိက္ခာဝယ်ယူရန်အခက် အခဲများနှင့်ရင်ဆိုင်နေရကြောင်း KNU ဗဟိုက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article