27 C
Yangon

သံဖြူဇရပ်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၄ ကြိမ်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အတွင်းစခန်းကြီးရွာနှင့် ရဲတံခွန်ရွကြားတွင် အကြမ်းဖက်စစ် ကောင်စီ တပ် စစ် ကြောင်းကို ၃ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တောင်ညို စစ်ကြောင်းမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင် သံဖြူဇရပ်မြို့နယ်၊ အတွင်းစခန်းကြီးရွာ ဘက်သို့ အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တောင်ညိုစစ်ကြောင်းက ပထမအကြိမ်ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယင်းနေ့ ညနေ ၃ နာရီ နှင့် ၄ နာရီကြား၌ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ရဲတံခွန်ရွာနီးအရောက် တတိယအကြိမ် ပြောက်ကျားပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ယမန်နေ့ စက်တင်ဘာလ ၁၈ ရက် နေ့လည်း ရဲတံခွန်ရွာအနီးအရောက် ထပ်မံတိုက်ခိုက်ခဲ့ ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

“သံဖြူဇရပ်မြို့ဘက်ကနေ တက်လာတာ၊ ဘယ်တပ်ကလဲတော့ အတိအကျမသိရသေးဘူး။ အင်အားကတော့ ၁၈၀ ၊ ၂၀၀ ဝန်းကျင်လောက်ရှိမယ်၊ မနေ့ကလည်း ရဲတံခွန်ရွာမှာ ထပ်ပြီး တိုက်ပွဲ ဖြစ်ခဲ့သေးတယ်။ အထိအခိုက်တော့ မသိရသေးဘူး၊ လက်ရှိအဲဒီစခစစ်ကြောင်းက ရဲတံခွန်ရွာမှာပဲ ရှိသေးတယ်” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း တောင်ညိုစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်သားထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိသူ ထပ်မံတိုးနိုင် ကြောင်း တောင်ညိုစစ်ကြောင်းက ပြောဆိုသည်။

ဓာတ်ပုံ – တောင်ညိုစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များနယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တောင်ညိုစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များနယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article