32 C
Yangon

ကြို့ပင်ကောက် သင်္ချိုင်းကုန်းတွင် ကင်းပုန်းဝပ်နေသော စစ်တပ်ကို တိုက်ခိုက်မှု ၆ ဦးသေဆုံးပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦးလည်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

https://yktnews.com/ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် သင်္ချိုင်းကုန်းတွင် ကင်းပုန်းဝပ်နေသော အကြမ်း ဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ ၆ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ ည ၈ နာရီခန့်အချိန် ကြို့ပင်ကောက်မြို့နယ်၊ အ လယ် ကုန်းရဲစခန်းအနီး တံတားထိပ် သင်္ချိုင်းကုန်းတွင် ကင်းပုန်းဝပ်နေသော အင်အား ၂၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon GBK-PDF က ဝင်ရောက် တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ကာ ရဲ ၂ ဦးနှင့် ပျူစောထီး ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ကုန်းရွာမှ စစ်တပ် သတင်းပေး သန့်ဇင်အောင်က ပဲခူးရိုးမအစပ်ရှိ အေးရွာလေးရွာထိပ်တွင် တော် လှန်ရေး တပ်ဖွဲ့များ၏ သတင်းများ စုံစမ်းရန် ရောက်ရှိနေစဉ် Black Dragon GBK-PDF က သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သန့်ဇင်အောင် ကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေစဥ် စက်တင်ဘာလ ၁၅ ရက် နေ့ နံနက် ၉ နာရီခန့်အချိန် စခန်းမှ ထွက်ပြေးသည့် အတွက် တော်လှန် ရေး ရဲဘော်များက ပစ်ခတ်ရှင်းလင်းရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ကွင်းချောင်းရွာက ပျူစောထီးတွေနဲ့ ရဲခွေးတွေပေါင်းပြီး တံတားထိပ်က သင်္ချိုင်း ကုန်းထဲမှာ ကင်းပုန်းဝပ်နေတာကို သွားဆော်တာ ကျွန်တော်တို့ ရဲဘော်တွေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်က ရဲခွေးနဲ့ပျူစောထီးတွေ ရှိတဲ့ အထဲကျပြီး ရဲခွေး ၂ ကောင် ပျူစောထီး ၄ ကောင်သေတယ်။ ဒီကောင်တွေ အထိနာပြီး ၁၄ ရက်နေ့ ညနေကျတော့ စစ်တပ် သတင်းပေး သန့်ဇင်အောင်က ရိုးမအစပ်က အေးရွာလေးကို PDF သတင်း ထောက်လှမ်းဖို့ ရောက်လာတာသူ့ကိုဖမ်းခေါ်လာပြီး စခန်းမှာစစ်မေးနေတုန်း ၁၅ ရက်နေ့ နံနက်မှာ သူထွက်ပြေးလို့ရှင်းလိုက်ရတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များကို ပြင်းပြင်း ထန်ထန် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် စစ်တပ်နှင့်နီးစပ်သော နေရာများသို့ သွားလာနေထိုင်မှုများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်ဒူးယားက ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article