ဖားကန့်မြို့ရှိ စစ်တပ် ဗျူဟာကုန်းကို KIA က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စတင် ထိုးစစ်ဆင် တိုက်ခိုက်နေ
ရန်ကုန်၊ စက်တင်ဘာ ၂၀
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ ဗျူဟာကုန်းကို KIA က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စတင် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းမှ စတင်၍ အကြမ်းဖက် စစ်တပ်၏ ဗျူဟာကုန်းကို KIA၊ KPDF ပူးပေါင်း တပ်ဖွဲ့က လက်နက်ကြီးများ ပစ်ခတ်၍ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ထိတွေ့ တိုက်ပွဲပြင်းထန်နိုင်ကြောင်း သိရသည်။
“ကျန်တော်တို့ တပ်ဖွဲ့တွေ ဗျူဟာကုန်းကို လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ် တိုက်ခိုက်နေပြီ တိုက်ပွဲပြင်းထန်နိုင်တယ်။ မြို့ထဲက ပြည်သူတွေတော့ ထွက်ပြေး တိမ်းရှောင်နေပြီ” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိချိန်တွင် ဖားကန့်မြို့ထဲ၌ နေထိုင်သော ပြည်သူများလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။