27 C
Yangon

အင်းတော်မြို့နယ်ရှိ စီပိန်းရွာကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ၊ အင်းတော်မြို့နှင့် မော်လူးမြို့ကိုလည်း ဆက်လက် ပိတ်ဆို့ တိုက်ခိုက်နေ

Must read

ရန်ကုန်၊ မေ ၂၂

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ စီပိန်းရွာကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၂၁ ရက်နေ့တွင် မော်လူးမြို့နှင့် နမ့်စီးအောင်ရွာ အကြားရှိ စီပိန်းရွာကို KIA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များက အင်းတော်မြို့နှင့် မော်လူးမြို့တို့ကိုလည်း ဆက်လက် ပိတ်ဆို့ တိုက်ခိုက်နေပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း၊ လက်ရှိချိန်ထိလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ ခုခံနေကြောင်း သိရှိရသည်။

“အင်းတော်မြို့နဲ့ မော်လူးမြို့ကို တိုက်နေတုန်း ပြန်ဝိုင်းထားတဲ့ အခြေအနေပေါ့။ မော်လူးနဲ့ နမ့်စီးအောင် အကြားက စီပိန်းရွာကိုတော့ မနေ့က KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီ လက်နက်တွေအများကြီးရတယ်။ စစ်ခွေးတပ်က ထိခိုက်သေဆုံးမှုလည်း များတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် မေလ ၂၁ ရက်နေ့ ညနေပိုင်းက ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းနှင့် မော်လူးမြို့ အနီးရှိ ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ အလားတူ ယနေ့ မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်မှ စတင်၍ အင်းတော်မြို့နယ် အတွင်းကို Y-12 လေယာဉ်၊ ဂျက်ဖိုက်တာများဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရှိရသည်။

ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ရန်အတွင် ဧပြီလပိုင်းမှ စတင်၍ လမ်းပိုင်းပေါ်ရှိ အင်းတော်မြို့နှင့် မော်လူးမြို့ကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာပေးလိုက်ရသော်လည်း လက်ရှိချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – အင်းတော်မြို့နယ် တိုက်ပွဲများ အတွင်း သိမ်းဆည်းရရှိခဲ့သော အကြမ်းဖက် စစ်တပ်မှ ကိုင်ဆောင်သော လက်နက်များ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article