27 C
Yangon

မြိုင်မြို့နယ်၊ စက်မှု ၂ မှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၄ ဦးအရှင်မိ၊ MA – 1 သေနတ် ၃ လက် သိမ်းဆည်းရရှိ

Must read

မြိုင်မြို့နယ်၊ စက်မှု ၂ မှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၄ ဦးအရှင်မိ၊ MA – 1 သေနတ် ၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၀

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ မှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိကာ MA – 1 သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်မြို့နယ် ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြိုင်မြို့နယ်၊ စက်မှု ၂ မှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိကာ MA-1 အမျိုးအစား သေနတ် ၃ လက် ကျည်ဘောက် ၄ ခု တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

“ပစ်ခတ်ချိန်နဲ့ လက်နက် သိမ်းဆည်း ချိန် တစ်မိနစ်အတွင်းသာ ကျွန်တော်တို့ မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၁ ဝံပုလွေပြောက်ကျားတပ်ဖွဲ့က အမြန်အဆန် လုပ်ဆောင်ခဲ့တာ ကျန်တော်တို့ဘက်က အထိအခိုက်မရှိ အမြန်ဆုံး တိုက်ပွဲ ဖော်ဆောင် နိုင်ခဲ့တယ်။ စစ်ခွေးတွေအနေနဲ့ အခုလို စက္ကန့်ပိုင်းအတွင်း သေနိုင်တာမို့ အမြန်ဆုံး လက်နက်ချဖို့ ပြောချင်တယ်” ဟု မြိုင်မြို့နယ် ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article