27 C
Yangon

ကနီမြို့နယ်၊ တာဝါတိုင်စခန်းရှိ စစ်ကောင်စီ တပ်သား အချင်းချင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ဖြစ်ပွား

Must read

ကနီမြို့နယ်၊ တာဝါတိုင်စခန်းရှိ စစ်ကောင်စီ တပ်သား အချင်းချင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ တာဝါတိုင်စခန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား အချင်းချင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့် တွင် ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်း ၄၈ မိုင်ရှိ အကြမ်းဖက် စစ်တပ်၏ အထိုင်စခန်းဖြစ်သော တာဝါတိုင်စခန်းကုန်းမှ စစ်ကောင်စီ တပ်သား အချင်းချင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှု အတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးဘဲ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆူညံစွာ ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article