30 C
Yangon

နောင်ချိုမြို့ရှိ စျေးအတွင်းသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၄ လုံးကျဲချမှု ပြည်သူ ၁ ဦး အပြင်းအထန်ဒဏ်ရာရ ၊ စျေးဆိုင်နှင့်နေအိမ်များ ပျက်စီး

Must read

နောင်ချိုမြို့ရှိ စျေးအတွင်းသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၄ လုံးကျဲချမှု ပြည်သူ ၁ ဦး အပြင်းအထန်ဒဏ်ရာရ ၊ စျေးဆိုင်နှင့်နေအိမ်များ ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နောင်ချိုမြို့ပေါ်ရှိ စျေးအတွင်းသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်သဖြင့် ဆိုင်ခန်းတချို့ ပျက်စီးပြီး ပြည်သူ ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီတပ်၏ Y12 လေယာဉ်က နောင်ချိုမြို့နယ်၊ နောင်ချိုစျေးတ၀ိုက်ကို ဗုံး ၄ လုံးကျဲချသွားကြောင်း၊ ဗုံးများက စျေးအတွင်းကျရောက်ပြီး ဆိုင်းခန်းတချို့ ပျက်စီးကာ ပြည်သူ ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

“မနက်၇ခွဲလောက်မှာ Y12 လေယာဉ်နဲ့ နောင်ချိုစျေးနားတဝိုက်ကို ဗုံး၄လုံးလာကျဲသွားတယ်။ စျေးဆိုင်ခန်းတချို့လည်း ပျက်စီးသလို လူနေအိမ်တွေပေါ်ကျပြီးတော့ ပြည်သူတဦးလည်း ဒဏ်ရာအပြင်းထန်ရသွားပါတယ်။ အခုတော့ လူတွေ နောက်ထပ် ဗုံးကျဲခံရမှာစိုးလို့ လေယာဉ်ကိုပဲ သတိထားနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် သိမ်း ယူ ရန်အတွက် စက်တင်ဘာလ ၁ ရက်နေ့တွင် နိုင်ငံအဆင့် ရန်နိုင်မင်း စစ်ဆင် ရေးကို အကောင်အထည်ဖော်ကာ လေယာဉ်များဖြင့် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မြို့များကို ဗုံးကျဲတိုက်ခိုက်မှုများ မကြာခဏဆိုသလို လုပ် ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်၏ Y12 လေယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article