30 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မန္တလေးမြို့ နဲ့ အနီးဆုံးနေရာမှာ ဒီကနေ့မနက်ပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မန္တလေးမြို့ပေါ်ကနေပါ ပစ်ကူပေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ် သံတွေဟာ ဆူညံနေပြီး တိုက်လေယာဉ်တွေလည်း တောက်လျှောက် အတက်အဆင်း လုပ်နေကြ တယ်လို့ မန္တလေးဒေသခံပြည်သူတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာရှိတဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတဲ့ ငါန်းမြာကြီး ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ သွားပြီး ဗုံးကျဲမှုကြောင့် အရပ်သား ပြည်သူ ၁၀ ဦး သေဆုံးသွားခဲ့ရတဲ့အပြင် တော်လှန်ရေးရဲဘော် ၂ ဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူ သွားရတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ တာဝါတိုင်စခန်းက အကြမ်းဖက် စစ်ကောင်စီ တပ်သား အချင်းချင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြတဲ့ သတင်းအပါအဝင်နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article