27 C
Yangon

မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ ၄၀ ကျော် ထိရှိလာပြီး PDF တပ်ဖွဲ့က ကယ်တင်ထား

Must read

မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ ၄၀ ကျော် ထိရှိလာပြီး PDF တပ်ဖွဲ့က ကယ်တင်ထား

ရန်ကုန်၊ စက်တင်ဘာ ၂၁

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ ၄၀ ကျော် ထိရှိလာပြီး တိမ်းရှောင်လာသူ အားလုံးကို ကယ်တင်ထားကြောင်း အညာမြေ တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့တွင် သရက်ကန်ရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လက်နက်ချ အလင်းဝင်ရန် အညာမြေ တပ်ပေါင်းစု တပ်ဖွဲ့က သတိပေးစာ ထုတ်ပြန်ပြီးနောက် ကျေးရွာအတွင်းမှ ထွက်ပြေး တိမ်းရှောင်လာသူ ၄၀ ဦးကျော်လာပြီဖြစ်ကြောင်း သိရသည်။

သရက်ကန် ပျူစောထီးရွာကို စစ်ကောာင်စီ တပ်သားများက ပိတ်ဆို့ထားသည့်ကြားမှ ကျေးရွာနေ ပြည်သူများက ခက်ခက်ခဲခဲ တိမ်းရှောင်လာခြင်းဖြစ်ကြောင်း၊ တိမ်းရှောင်လာသူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နေ့စဉ် ကူညီပေးလျက်ရှိကြောင်း၊ ထပ်မံ တိမ်းရှောင်လာမည့် ပြည်သူများကိုလည်း အမြန်ဆုံး တိမ်းရှောင်နိုင်ရန် တိုက်တွန်းကြောင်း အညာမြေ တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သရက်ကန်ရွာမှ စစ်ကောင်စီ တပ်သားများ အနေဖြင့် မိမိတို့ လုပ်ရပ်ကို ပြန်လည် စဉ်းစားချင့်ချိန်ပြီး လက်နက်ချ ပူပေါင်းကြရန် တိုက်တွန်းလိုကြောင်း၊ လက်နက်မချသူများကို အသက်အာမခံချက် လုံးဝ လုံးဝ ပေးမည် မဟုတ်ကြောင်း အညာမြေ တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article