27 C
Yangon

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင် ဆန္ဒပြပွဲကျင်းပ

Must read

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင် ဆန္ဒပြပွဲကျင်းပ

ရန်ကုန်၊စက်တင်ဘာ ၂၂

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင်ကြောင်း ဆန္ဒပြပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။

ဆန္ဒပြပွဲတွင် MFDMC ပြည်ပထောက်ပို့တာဝန်ခံများ၊ အသောကသုခ ဂူမိထောက်ပို့အဖွဲ့များဦးဆောင်ကာ နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူအများအပြားတက်ရောက်ခဲ့ပြီး ဒယ်ဂူးဘုန်းဘုန်းက စစ်ဘေး ရေဘေး မီးဘေး လက်နက်ကြီး အစရှိသည့် ဘေးအမျိုးမျိုးကြောင့် ဒုက္ခဆင်းရဲရောက်နေကြခြင်းသည် အာဏာအသိမ်းခံရခြင်းကြောင့် ဖြစ်ပေါ်လာသည့် အခြေခံအကြောင်းတရားဆိုသည်ကို မမေ့သင့်ကြောင်း၊ ဘေးအပေါင်းမှ လွတ်မြောက်ရန် အာဏာရှင်စနစ်ဆိုးကို ညီညီညွတ်ညွတ်တွန်းလှန်ကြရန် ပြည်တွင်းပြည်ပရှိမြန်မာနိုင်ငံသူ၊နိုင်ငံသားတို့ကို တိုက်တွန်းစကားဆိုခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article