27 C
Yangon

ဘုတလင်မြို့နယ်၊ ကတိုးကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူများကို ဖမ်းဆီးသွား

Must read

ဘုတလင်မြို့နယ်၊ ကတိုးကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူများကို ဖမ်းဆီးသွား

ရန်ကုန်၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကတိုးကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်း ဘုတလင်မြို့နယ် ၊ ကူတော်ကျေးရွာနယ်မြေရဲစခန်းတွင် အခြေချထားသည့် စစ်ကောင်စီတပ်က ကတိုးကျေးရွာကို သေနတ်ပစ်ဖောက် ဝင်ရောက်လာကြောင်း၊ ယင်းနောက် ပြည်သူတချို့ကို ဖမ်းဆီးကာ ကျေးရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“မီးလောင်တဲ့ အိမ်အရေအတွက်ကြတော့ မသိသေးဘူး။ညနေ၅ နာရီလောက် သေနတ်ပစ်သံ တွေ ကြားရပြီး မီးခိုးတွေ တက်လာတာပဲ၊ရွာခံ

တွေလည်း ကုန်ပြေးရတော့ ဘယ်အိမ်တွေရှို့ခံရတယ်ဆိုတာ မသိရဘူး”ဟု ဘုတလင်ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့အခြေချထားသော ကူတော်ရွာရဲစခန်းကို တော်လှန် ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ပြီးနောက် ရဲစခန်းပတ်ဝန်းကျင်မှ ကျေးရွာများကို စစ်တပ်က စီးနင်း၊မွှေနှောက်ခဲ့ကြကြောင်း ၊ ထို့ပြင် ပြည်သူ များကိုလည်း ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ထို့ ကြောင့် ကူတော်ရွာရဲစခန်းအနီးရှိ ကတိုးကျေးရွာကို စစ်ကောင်စီတပ်က စစ် ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်းကလည်း ဘုတလင်နယ် ကျွဲသေချောင်းရွာကို စစ်ကောင်စီတပ်က ပစ်ခတ်၀င်ရောက်ခဲ့သောကြောင့် အပြစ်မဲ့ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ဘုန်းတော်ကြီးကျောင်းက ဘုရားငွေကျပ်၁၀ သိန်း၀န်းကျင်အ ပါ အ၀င် ရွာခံပြည်သူများ၏ ရိက္ခာ၊ငွေကြေးနှင့် အသုံးအဆောင်များကို စစ် တပ် က လုယက်သွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ-မုံရွာနယ်မှ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ညအချိန် ဝင်ရောက် မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံဟောင်းဖြစ်ပါသည်။)

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article