25 C
Yangon

ရေစကြိုမြို့နယ်၊ မအူအောက်ဆိပ်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး တိုက်နယ်ဆေးရုံ၊ ဘုန်းကြီးကျောင်း ၊ စေတီတော်နှင့် သိမ်ကျောင်းများ ထိမှန်ပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူအောက်ဆိပ်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး တိုက်နယ်ဆေးရုံ၊ ဘုန်းကြီးကျောင်း၊ စေတီတောင်နှင့်သိမ်ကျောင်းများ ထိမှန်ပျက်စီးကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ သတင်းပြန်ကြားရေးဌာနမှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ရေစကြိုမြို့နယ်၊ မအူအောက်ဆိပ်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အမျိုးသမီးငယ် ၂ ဦး သေဆုံးပြီး မိသားစုဝင် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင် မအူအောက်ဆိပ်ကျေးရွာ တိုက်နယ်ဆေးရုံ၊ ဘုန်းတော်ကြီးကျောင်း၊ စေတီတော်နှင့် သိမ်ကျောင်းများ ထိမှန်ပျက်စီးကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး ၂ လု့းကျဲချ တိုက်ခိုက်ရာတွင် ဗုံး ၁ လုံးသည် တိုက်နယ်ဆေးရုံအနီးကျရောက် ပေါက်ကွဲကာ တိုက်နယ်ဆေးရုံ အဆောက်အဦ၊ ဘုန်းကြီးကျောင်း (ရွှေကျင်ကျောင်းတိုက်)၊ စလင်းကန်လယ် ဆရာတော်ဘုရားကြီး၏ ဓာတ်တော်စေတီနှင့် သိမ်ကျောင်းတို့ ထိမှန်ပျက်စီးခဲ့ကြောင်း၊ အခြားဗုံး ၁ လုံးမှာမူ ရဲစခန်းဝင်း အနောက်ဘက် လူနေရပ်ကွက်များအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း၊ သေဆုံးသူများမှ စစ်ဘေးရှောင်စဉ် ဗုံးထိမှန် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ ၂ ဦးမှာ တစ်ဝမ်းကွဲ ညီအစ်မများဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် မစုမြတ်ဝေနှင့် အသက် ၁၇ နှစ်အရွယ် မခြူးသိမ့်သိမ့်တို့ ဖြစ် ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများမှာ အသက် ၇၀ နှစ်အရွယ် ဒေါ်ကြည်ဝင်း၊ အသက် ၅၀ နှစ်အရွယ် ဒေါ်စောနန်းစိန်၊ မခြူးသိမ့်သိမ့်၏ မိခင် အသက် ၄၆ နှစ်အရွယ် ဒေါ်စောသန္ဆာမျိုး၊ ဒေါ်ကြည်ဝင်း၏ သမီးဖြစ်သူ CDM ကျောင်းဆရာမ အသက် ၃၅ နှစ်အရွယ် ဒေါ်စိမ်းမို့မို့ တို့ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article