28 C
Yangon

ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး “မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ” ပိုစတာချိတ်ဆွဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး “မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ” ပိုစတာကို ယနေ့ နံနက်ပိုင်း ချိတ်ဆွဲလှုပ်ရှားကြောင်း YOA အဖွဲ့က ပြောဆိုသည်။

ယနေ့ နံနက် ရန်ကုန်မြို့တစ်နေရာတွင် YOA အဖွဲ့သားများက ” မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ ” ဟူသော ခေါင်းစဉ်ဖြင့် ပိုစတာချိတ်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မတရားမှု အစုစုတို့ပြည့်နှက်နေသောစနစ်တစ်ခုအောက်တွင် ရုန်းကန်လှုပ်ရှားနေရသော ပြည်သူလူထုတို့ထံမှ ထွက်ပေါ်လာသော အသံသည် အကြမ်းဖက်စစ်ကောင်စီ ရန်သူက မကြားချင်၊ မမြင်ချင်ယောင်ဆောင်နေသည့်တိုင် ကြားနေရမည်၊ မြင်နေရမည်ဖြစ်ကြောင်း အသိပေးချက်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်ဟု YOA အဖွဲ့က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article