28 C
Yangon

ဆောမြို့နယ်တွင် စစ်ကောင်စီ၏ ကပစ ၂၅ မှ တပ်ကြပ်ကြီး ၁ ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ်တွင် စစ်ကောင်စီ၏ ကပစ ၂၅ မှ တပ်သားတပ်ကြပ်ကြီး၁ ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာကြောင်း ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်း၏ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တပ်ကြပ်ကြီးက အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်းထံသို့ MA-3တစ်လက် ၊ လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၆၀ တောင့်၊ ကျည်ဘောက် ၃ ခု၊ ကျည်ကာ ၁ ထည် နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ၊ ထိုသို့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင် လာရောက်ပူးပေါင်းခဲ့သော စစ်ကောင်စီတပ်ကြပ်ကြီးကို ယူဆောင်လာခဲ့သော လက်နက်ခဲယမ်းများအပေါ် မူတည်ပြီး ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

“ချိတ်ဆက်ပြီးဝင်လာသူပါ။ နောက် အလင်းဝင်မယ့် သူတွေ ဝင်လာချင်ရင် အမြန်ချိတ်ဆက်ပေးပါ။ လုံခြုံပျော်ရွှင်မှုနှင့် ပြည်သူ့မေတ္တာကို ခံယူပါ”ဟု ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ပျူစောထီးတပ်ဖွဲ့ဝင်များ၊စစ်မှုထမ်း ဥပဒေအရ အတင်းအကျပ် စစ်မှုထမ်းနေရသောသူများအပါအဝင် အကြမ်းဖက်စစ်ကောင်စီ အလိုကျ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေရသူများအနေဖြင့် ပြည်သူ့မျက်နှာ ပြည်သူ့နှလုံးသားကိုရှေးရှု၍ ပြည်သူ့အလိုကျ ပြည်သူ့ဘက်ကို အမြန်ဆုံးရပ်တည်ပြီး ပြည်သူ့ရင်ခွင်ကိုခိုလှုံ၍ ချက်ချင်းအလင်းဝင်ရောက်ကြရန်လည်း ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်းက တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article