32 C
Yangon

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်မည်ဟု မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီက ကြေညာလိုက်ပြီး အတု အယောင် ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီကိုပါ ဖွဲ့စည်း

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

အကြမ်းဖက် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်မည်ဟု မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီက ကြေညာလိုက်ပြီး အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီကိုပါ ဖွဲ့စည်းလိုက်ကြောင်း မွန်ပြည်နယ်ဖက်ဒရယ် ကောင်စီမှ ဒေါက်တာသီရိမွန်ချမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ ( MSFC’s Anti-Sham Election Committee) ကို စက်တင်ဘာလ ၁၇ ရက်နေ့တွင် အဖွဲ့ဝင် ၇ ဦး ဖြင့်ဖွဲ့စည်းလိုက်ကြောင်း၊ အဆိုပါကော်မတီက အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ဖျက်သွားကြောင်း၊ စစ်ကောင်စီက လူမဆန်သော စစ်ရာဇဝတ်မှုများကို ဖျောက်ဖျက်ကာ နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် အသုံးချပြီး နိုင်ငံရေးတွင် ဆက်လက်နေရာရရှိရေးအတွက် အားထုတ်နေခြင်းမျှသာဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ-MSFC အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ၏ အဖွဲ့ခေါင်းဆောင် ဒေါက်တာသီရိမွန်ချမ်းက ရှင်းပြသည်။

” စကစရဲ့ အတုအယောင်ရွေးကောက်ပွဲက တစ်တိုင်းပြည်လုံးက ပြည်သူတွေ အကျိုးဖြစ်မှာ မဟုတ်ဘဲ စစ်ကောင်စီနဲ့ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက်သာ ဖြစ်တယ်။ ဒါကြောင့်မို့ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေ မပတ်သက်ဖို့ သတိပေးတိုက်တွန်းသွားမယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ပြည်သူတွေ အကျိုးအမြတ်မရှိတဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ နည်းပညာအရရော ငွေကြေးအရရောအထောက်အပံ့မပြုဖို့ တိုက်တွန်းသွားမှာပါ” ဟု ဒေါက်တာ သီရိမွန်ချမ်းက ဆိုသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီ ကျင်းပမည့် အတုအယောင်ရွေးကောက် ပွဲကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ရာတွင် အတုအယောင်ရွေး ကောက်ပွဲတွင် ဝင်ရောက်ပါဝင်ယှဥ်ပြိုင်မည့် နိုင်ငံရေးပါတီများအား စစ်ကောင်စီ၏ အပေါင်း အပါများအဖြစ် သတ်မှတ်ကာ ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ငန်းများ လက်ရှိမျိုးဆက်ကာလတွင် ရပ်တန့်သွားရန် အတွက် အဆိုပါ ရွေးကောက်ပွဲအား ဆန့်ကျင်ခြင်းအားဖြင့် နိုင်ငံရေးထွက်ပေါက်မပေးရန် တိုက်တွန်းတောင်းဆိုထားသည်။

နိုင်ငံတကာအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် ရွေး ကောက်ပွဲအားအသိအမှတ်မပြုဘဲ နည်းပညာ၊ ငွေကြေးအစရှိသည့် မည်သည့် ကူညီမှုမျိုးမှ မပြုလုပ်ရန် အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန် ကြေ ညာထားသည်။

ဓာတ်ပုံ – ရွေးကာက်ပွဲအတွက် အီလက်ထရောနစ် ဆန္ဒမဲပေးမှု သရုပ်ပြမှုကို ကြည့်နေသည့် အကြမ်းဖက် မင်းအောင်လှိုင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရွေးကာက်ပွဲအတွက် အီလက်ထရောနစ် ဆန္ဒမဲပေးမှု သရုပ်ပြမှုကို ကြည့်နေသည့် အကြမ်းဖက် မင်းအောင်လှိုင်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article