မြင်းမူမြို့နယ် ကျေးရွာတစ်ရွာတွင် လူထုဟောပြောပွဲနှင့် တော်လှန်ရုပ်ရှင်ပြသ
ရန်ကုန်၊စက်တင်ဘာ ၂၇
မြင်းမူမြို့နယ် ကျေးရွာတစ်ရွာတွင် အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ မြင်းမူမြို့နယ် သပိတ်တက်ကြွလှုပ်ရှားသူများ အတူပူးပေါင်းဦးဆောင်၍ လူထုဟောပြောပွဲနှင့် တော်လှန်ရုပ်ရှင်ပြသခဲ့ရာ ပြည်သူအများအပြားလာရောက်ကြည့်ရှုခဲ့ကြကြောင်းသိရှိရသည်။
ဖက်ဒရယ်ဒီမိုကရေစီ၊ လူ့အခွင့်ရေး ဆိုင်ရာအခြေခံသဘောတရားများ၊ လက်နက်ကြီး၊ လေကြောင်း အန္တရာယ် ကြိုတင်ကာကွယ်ရန် အသိပညာပေးဟောပြောခဲ့ကြပြီး “သစ္စာ”၊ “မပြီးသေးဘူး ငါတို့ အလှည့်ကျန်သေးတယ်”အစရှိသည့်တော်လှန်ရုပ်ရှင်ဇာတ်ကားများပြသခဲ့ကြကြောင်းသိရှိရသည်။