30 C
Yangon

နိုင်ငံ ပျောက်သွားနိုင်သည့် အန္တရာယ်ကြီးမားလာ၍ PDF နှင့် တိုင်းရင်းသား လက်နက်စွန့်၍ နိုင်ငံ ရေးပြဿနာ ဖြေရှင်းရန် ဖိတ်ခေါ်ဟု အကြမ်းဖက် ဇော်မင်းထွန်း ဆိုပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ အကျိုးစီးပွားပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာပြီး နိုင်ငံတကာပြိုင်ဆိုင်မှုများအ ကြား နိုင်ငံပါ ပျောက်ကွယ်နိုင်သည့် အန္တရာယ်ကြီးမားလာသောကြောင့် PDF များ၊ တိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့် လက်နက်စွန့်၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ခြင်းဖြစ် ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းမီဒီယာများမှတစ်ဆင့် အကြမ်းဖက် ဇော်မင်းထွန်းက ထိုသို့ ရှင်းလင်း ပြောဆိုလာခြင်းဖြစ်သည်။

စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက PDF များနှင့် တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းသည့် လမ်းကြောင်းဖြင့် အဖြေရှာကြရန် အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

“ဒီကြေညာချက် ထုတ်ပြန်ရခြင်း အကြောင်းအရင်းတွေကတော့ ၁ ယနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ ၂ ပြောင်း လဲ လာတဲ့ နိုင်ငံတကာ အခြေအနေ၊ ၃ ငြိမ်းချမ်းရေး ကို လိုလားတဲ့ အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ်များရဲ့ သဘောဆန္ဒတွေကြောင့်ပဲဖြစ်ပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ဆိုသည်။

ယနေ့ နိုင်ငံတကာတွင် အင်အားကြီး နိုင်ငံများအကြား အကျိုးစီးပွား ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာကြောင်း၊ ရုရှား- ယူကရိန်းကိစ္စ၊ အရှေ့အလယ်ပိုင်းကိစ္စ၊ တောင်တရုတ်ပင်လယ်ကိစ္စများဖြစ်ကြောင်း၊ ထိုအခြေအနေတွင် ပြည်တွင်း စည်းလုံးညီညွတ်ရေး ယိုင်နဲ့နေလျှင် နိုင်ငံပါ ပျောက်ကွယ်နိုင်ကြောင်း ၎င်းက ဆိုသည်။

“ပြည်တွင်းစည်းလုံးညီညွတ်မှု ယိုင်နဲ့နေရင် နိုင်ငံတကာပြိုင်ဆိုင်မှုတွေအကြားမှာ နိုင်ငံပါ ပျောက်သွားနိုင်တဲ့အထိ အန္တရာယ်ကြီးမားလာပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းညီညွတ်မှုကို ဦးတည်ပြီး ဒီကြေညာချက် ထွက်ပေါ်လာရခြင်းပဲဖြစ်ပါတယ်” ဟု ဇော်မင်းထွန်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ထိုသို့ ကြေညာချက် ထုတ်ပြန်ထားခဲ့သော်လည်း လက်တွေ့ မြေပြင်အခြေအနေတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်း လားရှိုးမြို့ကိုလည်းကောင်း၊ ယမန်နေ့ ညနေပိုင်းတွင် ဖားကန့်ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ မကွေးတိုင်းအတွင်းရှိ ကျေးရွာများ အပါအဝင် နိုင်ငံတစ်ဝန်း လေယာဉ်ဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article