30 C
Yangon

ပေါင်းတည်တွင် တော်လှန်ရေးတပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော အုပ်ချုပ်ရေးမှူးနေရာ အစားထိုး ဝင်သည့် အုပ်ချုပ်ရေးအသစ် တင်ဦးလည်း ပစ်ခတ်ခံရ၍ သေဆုံးပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် တော်လှန်ရေးတပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော ရွာသစ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဉာဏ်ဝင်းနေရာသို့ အစားထိုးဝင်ရောက်သည့် အုပ်ချုပ်ရေးမှူးအသစ် တင်ဦးမှာလည်း တော် လှန်ရေးတပ်များ၏ ပစ်ခတ်မှုကြောင့်ပင် ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ မှတ္တိုင်တိုက်နယ် ရွာသစ် ကြီးအုပ်စု မြွေကြီးတွင်းရွာနေ အုပ်စုအုပ်ချုပ်ရေးမှူးအသစ် တင်ဦးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ် မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၅ နှင့်ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF တပ်ရင်း တပ်ခွဲ ၄ တို့က ၎င်း၏နေအိမ်သို့သွားရောက်ပစ်ခတ်ရှင်းလင်းရာ နေရာမှာတွင်ပင် ပွဲချးပြီးသေဆုံးသွားကြောင်း သိရှိရသည်။

ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ” ရွာသစ်ကြီးအုပ်စုရဲ့ ပထမ အုပ်ချုပ်ရေးမှူးဦးဉာဏ်ဝင်းကို ရှင်းလင်းပြီးတဲ့နောက် အကြမ်းဖက်စစ်ကောင်စီ အလိုကျလုပ်ဆောင်ပေးနေတဲ့ ရွာသစ်ကြီးကျေးရွာအုပ်စု၊ မြွေကြီးတွင်းရွာနေ အုပ်ချုပ်ရေးမှူး တင်ဦးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထပ်မံပစ်ခတ်ရှင်းလင်းလိုက်တာမို့ နေရာမှာတင်ပွဲချင်းပြီးသေဆုံးပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သေဆုံးခဲ့သော အုပ်ချုပ်ရေးမှူးတင်ဦးသည် အကြမ်းဖက်စစ်ကောင်စီအလိုကျစစ်မှုထမ်းစုဆောင်းရာတွင်အား တက်သရော လုပ်ဆောင်ပေးခြင်း၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်တပ်နှင့်ပေါင်းပြီးဆိုင်ကယ်ဖမ်းဆီးပေါ်တာဆွဲရာတွင် လိုက်ပါဆောင်ရွက်ခြင်း၊ ကျေးရွာအုပ်စုအတွင်းမီတာခနှင့်တောင်သူလယ်သမားချေးငွေများကို ထွေ/အုပ်စာရေးမနှင့်ပေါင်းပြီးအတင်းအဓ္မကောက်ခံပေးခြင်း၊ မြေနိမ့်ရာလှံစိုက်ဆိုသလို ဆင်းရဲနွမ်းပါးသူများကို စစ်မှုထမ်းရာတွင်မဲပေါက်သည်ဟုဆိုကာစစ်မှုထမ်းခိုင်းခြင်းတို့ကြောင့်ယခုကဲ့သို့ အပြစ်ပေးအရေးယူလိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီနှင့်ပေါင်းပြီးစစ်ကောင်စီ အလိုကျလုပ်ဆောင်ပေးနေသောကျန်ရှိနေသည့် ပေါင်းတည်မြို့ပေါ် ၁၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်စစ်ကောင်စီအလိုကျလုပ်ကိုင်ဆောင်ရွက်ပေးနေသောဌာနအသီးသီးမှဝန်ထမ်းများကိုလည်း ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ် မတော် ၃၆၀၁ PPDF တပ်ရင်းက ကြေညာထားသည်။

ဓာတ်ပုံ – ပေါင်းတည် PDF က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော အုပ်ချုပ်ရေးမှူးတစ်ဦး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပေါင်းတည် PDF က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော အုပ်ချုပ်ရေးမှူးတစ်ဦး။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article