33 C
Yangon

လွိုင်ကော်တွင် မိုးဗြဲရေကာတာမှ ရေများလွှတ်ချနေသဖြင့် ရေများ ဆက် လက်မြင့်တက်နေပြီး အကူအညီလိုသော ကျေးရွာများ ပိုမိုများပြားလာ၊ နေ အိမ် တချို့ အိမ်ခေါင်မိုးပါ နစ်မြုပ်သည်အထိ ရေကြီးမှု ဆိုးရွားဟုဆို

Must read

လွိုင်ကော်တွင် မိုးဗြဲရေကာတာမှ ရေများလွှတ်ချနေသဖြင့် ရေများ ဆက် လက်မြင့်တက်နေပြီး အကူအညီလိုသော ကျေးရွာများ ပိုမိုများပြားလာ၊ နေ အိမ် တချို့ အိမ်ခေါင်မိုးပါ နစ်မြုပ်သည်အထိ ရေကြီးမှု ဆိုးရွားဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၈

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် မိုးဗြဲရေကာတာမှ ရေများလွှတ်ချနေသဖြင့် ဘီလူးချောင်းရေများ ဆက် လက်မြင့်တက်နေပြီး အကူအညီလိုသော ကျေးရွာများ ပိုမိုများပြားလာကြောင်း ဒေသပြည်သူတချို့နှင့် အကူ အညီပေးနေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ ဝန်းကျင်မှစတင်၍ လွိုင်ကော်တွင် ရေကြီးမှုများ ကြုံတွေ့နေရကာ ရေမှာ လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေကြောင်း၊ မိုးရွာသွန်းမှုကြောင့် ဘီလူးချောင်းရေမြင့်တက်လျက်ရှိသည့်အပြင် မိုးဗြဲရေကာတာမှလည်း ရေများ လွှတ်ချနေသဖြင့် ရေကြီးမှု ပိုမို ဆိုးရွာလားကြောင်း သိရှိရသည်။

“ရေတက်တာကတော့ ဆက်တက်နေတုန်းပဲ။ မှုံပြာ၊ ဘုရားဖြူ၊ ဘုရားနီ၊ နမ့်ကွတ် အဲဒီရွာတွေတော့ တစ်ရွာလုံးရေမြုပ်ကြတယ်။ အကူအညီတွေ လိုအပ်နေတာအများကြီးပါပဲ” ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လွိုင်ကော်ရေဘေးကူညီနေသော ပရဟိသမားတစ်ဦးကမူ ရေများ ဆက်လက်မြင့်တက်နေရာတွင် မြေနိမ့်ပိုင်းမှ အိမ်များမှာ တစ်အိမ် ခေါင်မိုးပင်နစ်မြုပ်သွားကြောင်း ပြောဆိုသည်။

လွိုင်ကော်မြို့နယ်အတွင်းတွင် ရေကြီးမှုကြောင့် နေအိမ် နစ်မြုပ်သွားသော ပြည်သူများ ရေဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ နေထိုင်နေသော်လည်း စားနပ်ရိက္ခာအခက်အခဲ အလွန်ဖြစ်နေရကြောင်း၊ ကူညီရေး များရှိသော်လည်း လုံလောက်မှုမရှိကြောင်း သိရှိရသည်။

“ဘ၀မှာ တစ်ခါမှ ဒီလောက်ကြီး ရေတက်တာမျိုး မမြင်ဖူးသေးဘူး။ ကိုယ့်ဘ၀မှာ အဆိုးဆုံးမြင်ဖူးတာပဲ” ဟု လွိုင်ကော်မြို့မှ အသက် ၄၅ နှစ်အရွယ် ဒေသပြည်သူ အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- လွိုင်ကော်တွင် ယနေ့ ရေကြီးနေသည့်မြင်ကွင်းနှင့် ယမန်နေ့ အလှူရှင်တချို့က ကူညီနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article