32 C
Yangon

စစ်တပ် အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခဲ့သော ပြည်သူ ၅၀၀၀ နီးပါးတွင် အမျိုးသမီးနှင့် ကလေးငယ် ၂၀၀၀ နီးပါး ပါဝင်ဟု NLD ပါတီ ထုတ်ပြန်

Must read

စစ်တပ် အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခဲ့သော ပြည်သူ ၅၀၀၀ နီးပါးတွင် အမျိုးသမီးနှင့် ကလေးငယ် ၂၀၀၀ နီးပါး ပါဝင်ဟု NLD ပါတီ ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂၈

အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခဲ့သော ပြည်သူ ၅၀၀၀ နီးပါးတွင် အမျိုးသမီးနှင့် ကလေးငယ် ၂၀၀၀ နီးပါး ပါဝင်ကြောင်း စက်တင်ဘာလ ၂၇ ရက်နေ့တွင် NLD ပါတီက ထုတ်ပြန်လိုက်သည်။

အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနောက် စက်တင်ဘာ ၁၅ ရက်နေ့အထိ သတ်ဖြတ်ခဲ့တဲ့ ပြည်သူ ၅၀၀၀ နီးပါးရှိပြီး NLD ပါတီဝင် အမျိုးသမီးနှင့် ကလေးငယ်ပေါင်း ၂၀၀၀ နီးပါး ပါဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ခြင်း ၃၆ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားသည်။

အကြမ်းဖက် စစ်တပ်၏ ဥပဒေမဲ့ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရသော ပြည်သူ ၄၈၆၈ ဦး တွင် အဖွဲ့ချုပ် ပါတီဝင်လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ပါတီဝင် ၁၀၇ ဦးနှင့် အသက်မပြည့်သော ကလေးသူငယ် ၃၉၅ ဦး၊ အမျိုးသမီး ၇၁၁ ဦး တို့ပါဝင်ကြောင်း ပါရှိသည်။

အကြမ်းဖက် စစ်ကောင်စီက ပြည်သူနေအိမ်နှင့် ပိုင်ဆိုင်မှု‌များကို ဥပဒေမဲ့ ချိပ်ပိတ်သိမ်းယူခြင်း၊ နေအိမ်အတွင်းရှိ ပစ္စည်း‌တွေကို ခွင့်ပြုချက်မဲ့ ခိုးယူဖျက်ဆီးခြင်းကြောင့် ပြည်သူ ၈၃၃ ဦး၏ ပိုင်ဆိုင်မှု‌များ ချိပ်ပိတ်ခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း ၁၀၁၄ ခု ရှိကြောင်း အစီရင်ခံတွင် ဖော်ပြထားသည်။

အကြမ်းဖက် စစ်တပ်၏ သိမ်းဆည်းမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ် ၁၉၉ ဦးနှင့် ပါတီဝင် ၂၅၀ ဦး၊ စုစုပေါင်း အဖွဲ့ချုပ်အဖွဲ့ဝင် ၄၄၉ ဦး၏ ပိုင်ဆိုင်မှုများကို ချိပ်ပိတ်သိမ်းယူခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း ၅၆၃ ခု ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်ရုံး‌များကို အဓိက ပစ်မှတ်ထားကာချေမှုန်းဖို့ ရည်ရွယ်ရင်းရှိသည့် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံး‌များ အကြိမ်ကြိမ်ဖျက်ဆီးခဲ့ကြောင်း၊ အဖွဲ့ချုပ်ဗဟိုရုံး (ရန်ကုန်)- ၃ ကြိမ်၊တိုင်းနှင့်ပြည်နယ်ရုံးများ – ၁၅ ကြိမ်၊ခရိုင်ရုံးများမြို့နယ်ရုံးများ – ၁၁၃ ကြိမ်၊ရပ်ကျေးရုံးများ- ၂၈ ကြိမ် တို့ဖြင့်စုစုပေါင်း ဖျက်ဆီးမှုအကြိမ်ပေါင်း (၁၆၅) ကြိမ် ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ‌များကို ဥပဒေမဲ့ မတရားဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူ ၁၈,၁၇၄ ဦး ရှိနေပြီး ထိုထဲတွင် အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးနှင့် အဖွဲ့ချုပ်ပါတီဝင် ၂,၂၄၈ ဦးတို့ ပါဝင်သလို လက်ရှိဖမ်းဆီးခံထားရတဲ့ အသက်မပြည့်သူ ကလေးသူငယ် ၂၅၉ ဦးနဲ့ဖမ်းဆီးခံအမျိုးသမီး ၂,၁၅၃ ဦးပါဝင်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ အဆိုးဝါးဆုံး ကျူးလွန်မှုများတွင် အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုများ ပြည်သူများကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုများ ဖြစ်ပြီး ပြည်သူများ၏ နေအိမ်‌များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ အထိ ဥပဒေမဲ့ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရသော ပြည်သူ ၄,၈၆၈ ဦး တွင် အဖွဲ့ချုပ် ပါတီဝင်လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ပါတီဝင် ၁၀၇ ဦး နှင့် အသက်မပြည့်သော ကလေးသူငယ် ၃၉၅ ဦး၊ အမျိုးသမီး ၇၁၁ ဦး တို့ ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်သူများ၏ နေအိမ်ပေါင်း ၇၃၀၂၉ လုံး မီးရှို့ဖျက်ဆီးခံရပြီး တချို့ဒေသများတွင် အကြိမ်ကြိမ် ထပ်မံမီးရှို့ဖျက်ဆီးမှုတွေပြုလုပ်ခဲ့ရာ မီးရှို့ဖျက်ဆီးမှု အကြိမ်ပေါင်း ၁,၈၁၀ ကြိမ် ရှိခဲ့ပြီး စစ်ရာဇဝတ်မှုဖြစ်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်‌တွေနဲ့ ပစ်ခတ်တာ အကြိမ်ပေါင်း ၈၀၄ ကြိမ်တွင် အပြစ်မဲ့ပြည်သူ ၆၉၉ ဦး သေဆုံးခဲ့ရတဲ့အပြင် ၁,၇၉၃ ဦး မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ရာဇဝတ်မှုကျူးလွန်နေသော အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၈၂ ကြိမ်ကြောင့် အရပ်သားပြည်သူ ၇၂၈ ဦး သေဆုံးပြီး ၆၄၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တင်သွင်းတဲ့ အစီရင်ခံစာတွင် ဖော်ပြထားပြီး စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူ‌တွေနေထိုင်ရာ ရပ်ရွာ‌တွေ စာသင်ကျောင်းတွေ ဆေးရုံ ဆေးခန်း‌တွေ ဘာသာရေးအဆောက်အဦးတွေနဲ့ စစ်ရှောင်စခန်းတွေကို စစ်လေယာဉ်၊လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်မှု‌တွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သေကြေပျက်စီးမှုတွေရှိနေတယ်လို့ အစီရင်ခံစာတွင် ပါရှိသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ အကြမ်းဖက်စစ်တပ်က ရန်ကုန်ရှိ NLDရုံးချုပ်ကို ၀ိုင်းရံထားစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article