32 C
Yangon

ရွှေဘိုတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပေါ်သိန်းနှင့် ပျူစောထီးများက မြို့ပေါ် ရပ်ကွက်အချို့နှင့် ကျေးရွာများရှိ ပြည်သူများထံမှ ခြိမ်းခြောက် ငွေညှစ်မှုများ လုပ်ဆောင်

Must read

ရွှေဘိုတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပေါ်သိန်းနှင့် ပျူစောထီးများက မြို့ပေါ် ရပ်ကွက်အချို့နှင့် ကျေးရွာများရှိ ပြည်သူများထံမှ ခြိမ်းခြောက် ငွေညှစ်မှုများ လုပ်ဆောင်

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပေါ်သိန်းနှင့် ပျူစောထီးများက မြို့ပေါ်ရပ်ကွက်အချို့နှင့် မြို့နှင့် နီးစပ်သည့် ကျေးရွာများမှ ပြည်သူများကို ခြိမ်းခြောက် ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

သီးကုန်းရွာ ၊ ဥယျာဉ်တော်ရွာ၊ ခွန်တောင်ငယ်ရွာ၊ မိချေင်းပင်ရွာ ၊ ဆီဆံကုန်းရွာ၊ ပိတောက်ခေါင်းရွာ၊ ထနောင်းဝန်းရွာ၊ နွားကုတ်ရွာ၊ သပြေသာရွာ၊ မြောင်ကြီးရွာ၊ မင်းကျောင်းရွာ၊ ဘိုကုန်းရွာနှင့် အခြားမြို့နှင့် နီးစပ်သည့် ကျေးရွာများမှ လူငယ်များကို စစ်မှုထမ်းဥပဒေ၊ ညကင်းစောင့်သည့် ကိစ္စများနှင့် ပတ်သက်၍ ခြိမ်းခြောက် ငွေညှစ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ညကင်းမစောင့်တဲ့ အိမ်ထောင်စုတွေနဲ့ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေကို ခြိမ်းခြောက် ငွေညှစ်နေတယ်။ ပေါ်သိန်းက သူ့သား ၂ ယောက် အားကိုးနဲ့ လုပ်နေတာ။ သူ့သားတွေက ထောင်ထွက်တွေ၊ မူးယစ်ဆေးမှုနဲ့ ကျတာ။ စစ်ကောင်စီလက်ထက်မှာ လွတ်လာပြီး စစ်တပ်နဲ့ ပေါင်း ခြိမ်းခြောက် ငွေညှစ်နေတာ” ဟု ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အုပ်ချုပ်ရေးမှူး ပေါ်သိန်းသည် ရွှေဘိုမြို့ပေါ်မှ မဟုတ်ဘဲ ရွှေဘို ခင်ဦးလမ်းရှိ သီးကုန်းရွာမှ ဖြစ်ပြီး သီးကုန်းရွာမှ နေ၍ မြို့ပေါ်ရပ်ကွက်များအပြား၏ အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်နေကာ ခြိမ်းခြောက်ငွေညှစ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

Photo – အကြမ်းဖက် စစ်သားများနှင့် အုပ်ချုပ်ရေးမှူးများက ပြည်သူများကို စစ်မှုထမ်း ဥပေဒ ဆိုင်ရာ စာရွက်များ လိုက်လံဖြန့်ဝေနေစဥ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article