26 C
Yangon

ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် စက်ဆန်းအုပ်ချုပ်ရေးမှူးရုံးတို့တွင် သန်းခေါင် စာရင်း ကောက်ယူရေး အစည်းအဝေးလုပ်နေချိန် ဗုံးများ တစ်ပြိုင်နက်တည်းပေါက်ကွဲပြီး ၁ ဦးသေဆုံး

Must read

ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် စက်ဆန်းအုပ်ချုပ်ရေးမှူးရုံးတို့တွင် သန်းခေါင် စာရင်း ကောက်ယူရေး အစည်းအဝေးလုပ်နေချိန် ဗုံးများ တစ်ပြိုင်နက်တည်းပေါက်ကွဲပြီး ၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၃၀

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် သန်းခေါင်စာရင်း ကောက်ယူရေး အစည်းအဝေးလုပ်နေချိန် ဗုံးများ တစ်ပြိုင်နက်တည်းပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများနှင့် ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ အလတ်လောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အောက်တိုဘာလ ၁ ရက်နေ့ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် အစည်းအဝေး လုပ်နေကြစဉ် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး ၅ ဦးစလုံး ဒဏ်ရာပြန်းထန်ကြောင်း၊ လက်ရှိ ၁ ဦး သေဆုံးသွားပြီဟု သိရှိရသည်။

အလားတူ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် စက်ဆန်းရပ်ကွက်ရုံးတွင် ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲပြင်းထန်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ထိခိုက်သေဆုံးမှုများရှိကြောင်း သိရှိရသည်။

” ရပ်ကွက်ရုံး ၂ ခုထဲမှာ သန်းခေါင်စာရင်းကောက်ဖို့ အစည်းအဝေးလုပ်နေတာ၊ လူစုတာတွေရှိနေတဲ့အချိန်မှာ ဗုံးတွေ ထကွဲတာပါ။ ထိခိုက်သေဆုံးမှုရှိတယ်။ အခုတော့ ၁ ဦးသေသွားပြီလို့ပြောတယ်။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ပဲ။ အလတ် ချောင်းရပ်ကွက်ရုံးက။ ၅ ဦးလုံးသေနိုင်တယ်လို့လည်းပြောတယ်။ ဆန်အိတ်ထဲက ဗုံးထပေါက်တာ။ အတိအကျတော့ မသိရသေးဘူး။” ဟု ရန်ကုန်ခေတ်သစ်၏သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော စစ်ကောင်စီတပ်နှင့်ရဲများက ကြည့်မြင်တိုင် ဆိပ်ကမ်းများကို ပိတ်ဆို့ စစ်ဆေးမှုများလုပ်ဆောင်နေပြီး အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အောက်တိုဘာလ ၁၅ ရက်နေ့အထိ စစ်ကောင်စီက နိုင်ငံတစ်ဝန်းလုံးတွင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းနှင့် မဲစာရင်း ကောက်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article