26 C
Yangon

လယ်ဒိုနှင့် ဆောထိ မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

လယ်ဒိုနှင့် ဆောထိ မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၃၀

ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် နံနက် ၁ နာရီခန့်တွင် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ခင်ကန့်လန့်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၄၅ နှစ် အရွယ် နော်ကလိုစေး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သူမ၏ နေအိမ်လည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့တွင် ည ၇ နာရီ ၁၂ မိနစ်ခန့်တွင်ဆောထိမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ် ခဲ့ရာ ဂွေးကုန်းကျေးရွာအနီးတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်းသိရသည်။

ထို့ပြင် ယင်းနေ့ ည ၈ နာရီ နှင့် ၁၀ နာရီအချိန်တို့လည်း အကြမ်းဖက် စစ်တပ်က ထပ်မံပြီး ၁၂၀ မမ လက်နက်ကြီး ၇ လုံး ပစ်ခတ်ခဲ့ရာ လက်နက် ကြီး ၂ လုံးမှာ အင်းပရိတ် ကျေးရွာ အနီးတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ကျန် ၅ လုံးမှာ လိန်ပင်၀ိုင်း ကျေးရွာ စာသင် ကျောင်း ဘက်တွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၂၈ မိနစ်ခန့် တွင် အကြမ်းဖက် စစ်တပ်၏ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ချိုအေးကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မူးမြို့နယ်အတွင်း ကညွတ်ကွင်းအခြေစိုက် အကြမ်းဖက်စစ်တပ်၏ ခမရ-၄၃၉ တပ်ရင်းက လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ အင်ကွင်းကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU ဗဟို ကပြောဆိုသည်။

အလားတူ ယင်းနေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဆောထိမြို့နယ်၌ အကြမ်းဖက် စစ်တပ်က ဂွေးကုန်းကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးခန့် ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ဒေါ်စန်းမော်၏ နေအိမ်ထိမှန် ပျက်စီးခဲ့ပြီး ၎င်းအိမ်တွင် နေထိုင်သော ဦးအောင်စိုး နှင့် ဦးအောင်ဆန်းဦး တို့ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည့်အပြင် မစိုးခိုင်နှင့် ဦးဌေးလွင်၏ ထမင်းစားဆောင်၊ နွားတင်းကုတ်၊ နွား ၂ ကောင်၊ ထွာလာဂျီ နောက်တွဲ ၁ စီးတို့ ထိခိုက် ပျက်စီးခဲ့ရကြောင်း သိရှိသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီနှင့် ညနေ ၆ နာရီ ၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး စုစုပေါင်း ၉ လုံး ခန့် ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများသည် ချုံအင်း ကျေးရွာနှင့် ထမင်းရုံကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းတပ်ရင်းက ည ၉ နာရီ ၉ မိနစ်ခန့်တွင် ၁၅၅ မမ‌ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ထမင်းရုံးကျေးရွာနှင့် ပျဉ်ရေကြီးကျေးရွာ တို့အကြား ကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article