26 C
Yangon

မူဆယ်တွင် တရားခံပြေးများ အပါအဝင် ကျားဖြန့် ငွေလိမ်သူ တရုတ်နိုင်ငံသား ၃၁၃ ဦးကို စစ်ကောင်စီက တရုတ်ထံသို့ လွှဲပြောင်းပေး

Must read

ရန်ကုန်၊ အောက်တိုဘာ၁

မြန်မာနိုင်ငံအတွင်းရှိသော တရားခံပြေး အပါအဝင် အွန်လိုင်းငွေလိမ်သူ တရုတ်နိုင်ငံသား ၃၁၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့အား လွှဲပြောင်းပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ကျားဖြန့် ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၃၁၃ ဦးထဲတွင် တရားခံပြေး ၄၅ ဦးပါဝင်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့က မူဆယ်၊ ရွှေလီမြို့နယ်စပ်ဂိတ်ကတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၃၀ တွင် ထုတ်ပြန်ထားသည်။

၎င်းတို့ကို စက်တင်ဘာလအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အွန်လိုင်းငွေသူများမှာ ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်နေသူများဖြစ်ပြီး ငွေလိမ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ၊ Scam စက်များ ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ မူဆယ်မြို့ မင်္ဂလာမူဆယ်အိမ်ရာရှိ ကျားဖြန့် လုပ် ကိုင်သော အဆောက်အအုံတစ်ခုကို စစ်ကောင်စီတပ်နှင့်ရဲများက ဝင်ရောက်စီးနင်းခဲ့ပြီး ကျားဖြန့် လုံခြုံရေး ပြည်သူ့စစ်များနှင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ကျားဖြန့်အဆောက်အအုံကို စစ်တပ်က ဝင်ရောက် စီးနင်း ဖမ်းဆီးမှုများ လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article