27 C
Yangon

ထောင်အတွင်းမှ နိုင်/ကျဉ်း ၁ ဦး ပြုလုပ်ထားသော ကော်ဖီအိတ်ခွံများဖြင့် ရက်လုပ်ထားသည့် 10:27 Office Bag ကို လေလံတင်ရောင်းချလိုပြီး စစ်ဘေးရှောင်ပြည်သူများကို ဆေးဝါးနှင့် ရိက္ခာများ လှူဒါန်းလို

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

နိုင်ငံရေးအကျဉ်းသားတစ်ဦးက ကော်ဖီအိတ်ခွံများဖြင့် ထုတ်လုပ်ထားသည့် 10:27 Office Bag ကို လေလံတင် ရောင်းချပြီး စစ်ဘေးရှောင် ဒုက္ခသည်များကို ဆေးဝါးနှင့် ရိက္ခာများလှူဒါန်းသွားမည်ဖြစ် ကြောင်း နိုင်ငံရေးအကျဉ်း သား တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

10:27 Office Bag ကို နိုင်ငံရေး အကျဉ်းသားတစ်ဦးက အကျဉ်းထောင်အတွင်းရှိ အကျဉ်း သားများသောက်သုံးသော ကော်ဖီထုပ်ခွံများဖြင့် ရက်လုပ်ထားခြင်းဖြစ်ပြီး NUG အစိုးရထံ အရောက် ပေးပို့ကာ လက်ခံရရှိသူ၏ သဘောဆန္ဒအတိုင်း လေလံရောင်းချသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ရောင်း ချ၍ ရရှိသည့် ငွေအားလုံးကို စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် ဆေးဝါးနှင့် ရိက္ခာများ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

“ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး ကိုယ်တိုင် ပြုလုပ်ဖန်တီးထားတဲ့ Artwork ဖြစ်ပါတယ်။ NUG အစိုးရထံ ရောက်အောင်ပို့ပေးပြီး လေလံ တင်ရောင်း ချသွားဖို့ပါ၊ လေလံပွဲနဲ့ပတ်သက်လို့ က တော့ လက်ခံရရှိသူရဲ့ အစီ အစဉ် အတိုင်း လုပ်လို့ရပါတယ်။ ဘယ်သူပဲ ရောင်းပေးပေး ရောင်းရငွေ အား လုံးကို စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ဆေးဝါးနဲ့ ရိက္ခာဖိုးလှူဒါန်းသွားမှာပါ၊ အုတ် တစ် ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင် နိုင်ဖို့ပါပဲ။” ဟု နိုင်ငံရေးအကျဉ်း သားတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

လက်ရှိ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက ဖိနှိပ်ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article