ရန်ကုန်၊ အောက်တိုဘာ ၃
လာအိုနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီဘက်မှ နိုင်ငံခြားရေးအမြဲ တမ်းအတွင်းဝန် အောင်ကျော်မိုးကို ကိုယ်စားလှယ်စေလွှတ် တက်ရောက်စေမည်ဖြစ်ကြောင်း ဂျပန် Nikkei Asia သတင်းဌာနက ရေးသားဖော်ပြသည်။
၂၀၂၁ ခုနှစ်မှ စတင်ပြီး အာဆီယံအဆင့်မြင့်အစည်းအဝေးများနှင့် ထိပ်သီးအစည်အဝေးများတွင် စစ်ကောင်စီဘက်မှ နိုင်ငံရေးရာထူး ရယူ ကိုယ်စားပြုသူများကို တက်ရောက်ခွင့် အာဆီယံကပိတ်ပင်ထားခဲ့ပြီး နိုင်ငံရေး ကိုယ်စားပြု မဟုတ်သော ကိုယ်စားလှယ်ကိုသာ စေလွှတ်ရန် အရေးယူခဲံ့ခြင်းဖြစ်သည်။
စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အောင်ကျော်မိုးသည် အောက်တိုဘာ ၉ ရက်တွင် စတင်မည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်မည်ဖြစ်ကြောင်း၊ အောင်ကျော်မိုးမှာ ဇူလိုင်လအတွင်း ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့လည်း တက်ရောက်ခဲ့ဖူးကြောင်း၊ ယခုနှစ် လာအိုနိုင်ငံက အာဆီယံ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ချိန် အာဆီယံအစည်း အဝေးများသို့ စစ်ကောင်စီက ကိုယ်စားလှယ်လွှတ်၍ ပိုမိုပါဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီနှင့် ဆက်ဆံရာတွင် အာဆီယံအဖွဲ့အတွင်း သဘောထား ကွဲလွဲမှုများရှိနေပြီး အနာဂတ် ထိပ်သီးအစည်းအဝေးတွင် စစ်ကောင်စီဘက်မှ ဆက်လက် ပါဝင်ခွင့်ရ၊ မရဆိုသည်မှာ ရှင်းလင်းစွာ မသိရသေးပေ။
လာမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များနှင့်အတူ ဂျပန်၊ အမေရိကန်၊ တရုတ်နှင့် တောင်ကိုရီးယားတို့မှ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။
ဓာတ်ပုံ – စစ်ကောင်စီ လက်အောက်ခံ အတွင်းဝန် အောင်ကျော်မိုး။
Photo- Reuters ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar