28 C
Yangon

သာယာဝတီမြို့ စိန်သရဖူ အနှိပ်ခန်းတွင် ရဲချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ရဲအုပ် ဥာဏ်လင်း သေပြီ

Must read

သာယာဝတီမြို့ စိန်သရဖူ အနှိပ်ခန်းတွင် ရဲချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ရဲအုပ် ဥာဏ်လင်း သေပြီ

ရန်ကုန်၊ အောက်တိုဘာ ၄

ပဲခူးတိုင်း၊ သာယာဝတီမြို့၊ ဆရာစံမြို့သစ်ရှိ စိန်သရဖူ အနှိပ်ခန်းတွင် ရဲအချင်းချင်း စကားများ ရန်ဖြစ်ရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ရဲအုပ် ဥာဏ်လင်း သေဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် သာယာဝတီမြို့၊ ဆရာစံမြို့သစ် လဝကရုံးဘေးရှိ စိန်သရဖူ အနှိပ်ခန်းတွင် ရဲ ၂ ဦး ရန်ဖြစ် စကားများရမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်း ပစ်ခတ်မှုအတွင်း စံရွေးရဲစခန်းမှ ရဲအုပ် ဥာဏ်လင်း ကျည်ထိမှန်ကာ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပြင်းထန် ဒဏ်ရာရရှိခဲ့သော ရဲအုပ် ဥာဏ်လင်းသည် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် အောက်တိုဘာလ ၃ ရက်နေ့တွင် သေဆုံးခဲ့ပြီး သာယာဝတီမြို့ပေါ်ကို ရုပ်လောင်းပြန်လည် သယ်ဆောင်လာကာ မီးသဂြိုလ်လိုက်ကြောင်း သိရှိရသည်။

“စက်တင်ဘာ ၃၀ ရက်နေ့က ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ဥာဏ်လင်းရဲ့ ရုပ်အလောင်းကို မနေ့က သဂြိုလ်လိုက်ပြီလို့ သိရတယ်။ သူကရန်ကုန်မှာ ပြင်းထန်ဒဏ်ရာနဲ့ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတာ သာယာဝတီမြို့ကို ရုပ်အလောင်း ပြန်သယ်လာတာလို့ သိရတယ်။ ပဲခူးအရှေ့ပိုင်း တိုက်ပွဲမှာကျတာဆိုပြီး သတင်းတွေလိမ်ထားတယ်” ဟု ဒေသတော် လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ တန့်ဆည်တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မိုင်းထိ သေဆုံးခဲ့သော ရဲတစ်ဦး မသာချမှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article