28 C
Yangon

တီးတိန်မြို့ပေါ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို တက်ကြွစွာ လုပ်ဆောင်နေသူ ၁ ဦးကို PDF Zoland က ဖမ်းဆီး

Must read

တီးတိန်မြို့ပေါ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို တက်ကြွစွာ လုပ်ဆောင်နေသူ ၁ ဦးကို PDF Zoland က ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၄

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ သန်းခေါင်းစာရင်း ကောက်ယူမှုကို တက်ကြွစွာ လုပ်ဆောင်နေသူ ၁ ဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း PDF Zoland မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် တီးတိန်မြို့၊ မြို့မရပ်ကွက်တွင် နေထိုင်သူ အသက် ၆၀ ကျော် အရွယ် U Kam Lam Thang သည် အကြမ်းဖက်စစ်ကောင်စီ၏ Non CDM ဝန်ထမ်းများနှင့်ပူး‌ ပေါင်းကာ စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးမှုတွင် ရပ်ကွက်ခေါင်းဆောင်အဖြစ် တက် ကြွစွာ ပါဝင်လုပ်ဆောင်နေသဖြင့် ဝင်ရောက်ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက အရပ်သားပဲ၊ ဒါပေမယ့် သူက သန်းခေါင်းစာရင်းကောက်တဲ့အထဲမှာ ခေါင်းဆောင်လုပ်နေ တာ၊ သူက မြို့မရပ်ကွက်မှာနေတာပဲ၊ အသက် ၆၀ ကျော်မယ်၊ သူက Non CDM တွေနဲ့ အဆက် အ သွယ်ရှိတယ်လေ၊ သူတို့တွေနဲ့ပေါင်းပြီးမှ အဲဒီသန်းခေါင်စာရင်းကောက်တာ၊ လက်ရှိတော့ သူ့ကို စစ်ဆေးပဲ၊ ဘယ်လိုအရေးယူမလဲဆိုတာတော့ အတိအကျပြောလို့ မရသေးဘူး။ သန်းခေါင်းစာရင်း ကောက်တဲ့သူတွေအနေနဲ့ ဆက်မကောက်ဖို့နဲ့ ဆက်ကောက်မယ်ဆိုရင် ထုတ်ပြန်ချက်အတိုင်းပဲ ကျနော်တို့ အရေးယူသွားဖို့ရှိပါတယ်” ဟု PDF Zoland မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြာသည်။

PDF Zoland နှင့် Chin Brotherhood တို့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာ ရင်းကောက်ယူမှုကို ပူးပေါင်းပါဝင်သူများအား ထုတ်ပြန်တားမြစ်ချက်များအတိုင်း ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article