ပေါက်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁ နှစ်ခွဲအရွယ်ကလေးငယ်နှင့် အဘွားအို ၁ ဦး သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၅
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁ နှစ်ခွဲအရွယ်ကလေးငယ်နှင့် အဘွားအို ၁ ဦး သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၆ နာရီအချိန် မကွေးတိုင်း၊ပေါက် မြို့နယ်၊ ပေါက်မြို့အနီးတွင် တပ်စွဲထားသော စစ်တပ်က ၁၂၀ မမ လက် နက်ကြီးဖြင့် ကျေးရွာများသို့ ဦးတည်ပစ်ခတ်ရာ ခင်ရှည်တောင်ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲပြီး အသက် ၁ နှစ်ခွဲအရွယ်မောင်ချစ်စွမ်းထက်နှင့် အသက် ၆၁ နှစ်အရွယ် ဒေါ်ဒေါင်းတင်တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၃ နှစ်အရွယ် ဦးသာဝ၊ အသက် ၂၅ နှစ်အရွယ် မစန်းလင်းအောင်တို့လည်း ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ပြည်သူ ၂ ဦး သေဆုံးပြီး ပြည်သူ ၂ ဦးဒဏ်ရာရရှိကာ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။



