30 C
Yangon

မြဝတီမြို့ရှိ ဥကရစ်ထစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး၊ တော်လှန်ရေး တပ်ဖွဲ့များ အကြိမ်ကြိမ် တိုက်ခိုက်မှုကြောင့် စစ်သားအချို့ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး

Must read

မြဝတီမြို့ရှိ ဥကရစ်ထစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး၊ တော်လှန်ရေး တပ်ဖွဲ့များ အကြိမ်ကြိမ် တိုက်ခိုက်မှုကြောင့် စစ်သားအချို့ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး

ရန်ကုန်၊ အောက်တိုဘာ ၆

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ဥကရစ်ထစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များ အကြိမ်ကြိမ် တိုက်ခိုက်မှုကြောင့် စစ်သားအချို့ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၅ ရက် နေ့တွင် မြဝတီမြို့တောင်ဘက်၊ ဝေါ်လေမြိုင်မြို့ ဝေါ်လေဗျူဟာ အနီးရှိ အကြမ်းဖက် စစ်သား အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသော ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယခင်နေ့များကလည်း ဒရုန်းဖြင့် အကြိမ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများ အတွင်း စစ်သား ၄ ဦးထက် မနည်း သေဆုံး မှုရှိကြောင်း သိရသည်။

“မနေ့ကတော့ ဒရုန်းစမ်းသပ်ရင်း သွားကျဲတာ ဒီလိုပဲ မကြာခဏ သွား ကျဲလိုက်နားလိုက်နဲ့ လုပ်နေတာ အဲလိုကျဲနေတဲ့အကြိမ်တွေထဲမှာ စခသေတာက ၄ ဦးအထက်ရှိ တယ်။ မနေ့ကတော့ သွားကျဲတာကတော့ မသိရသေးဘူး။ အစကတော့ အဲဒီ စခန်းထဲမှာက အ ယောက် ၇၀ ကျော် ၈၀ နီး ပါးလောက်ရှိတာ အခုတဖြည်းဖြည်းနဲ့ထွက်ပြေးသွားတဲ့လူတွေရော ဒဏ်ရာရလို့ လဲထားတဲ့ လူတွေ ရောဘာတွေရောနဲ့ဆိုရင် အခုအယောက် ၄၀ လောက်ပဲ ကျန်တော့တာ ဥကရစ်ထက ဆုံစည်းမြိုင်တို့ စုကလိတို့ကို ဖြုတ်ပြီးတော့ ဗျူဟာပုံစံများထားတဲ့စခန်း အရေး ပါ တဲ့စခန်းတစ်ခုပေါ့” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ဥကရစ်ထစခန်းအတွင်းမှ အကြမ်းဖက်စစ်သားများသည် လစ်လျှင်လစ်သလို ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ထွက်ပြေးနေမှုများရှိပြီး ထိုသို့ ထွက်ပြေးနေသူများထဲတွင် အရာရှိအဆင့်များလည်း ပါဝင်ကြောင်း သိရသည်။

Photo – ထိုင်း-မြန်မာ နယ်စပ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မတ်လ ၂၁ ရက်နေ့၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများ

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article