30 C
Yangon

သီပေါမြို့ကို စစ်တပ်က လက်နက်ကြီး၊ ဂျက်လေယာဥ်တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ကလေး ၂ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရ

Must read

သီပေါမြို့ကို စစ်တပ်က လက်နက်ကြီး၊ ဂျက်လေယာဥ်တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ကလေး ၂ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၆

ရှမ်းပြည်နယ်၊ သီပေါမြို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဂျက်လေယာဥ်တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ကလေး ၂ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

အောက်တိုဘာလ ၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်မှ ၁၀ နာရီအထိ အကြမ်းဖက် စစ်တပ်က ဂျက်လေယာဥ်ဖြင့် ပြည်သူများ နေထိုင်သည့်နေရာကို ဦးတည်ပြီး သီပေါမြို့အတွင်း ဆက်တိုက် လာရောက်ဗုံးကျဲခဲ့ကြောင်း၊ ၎င်းဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဇာတ်စုရပ်ကွက် ရဲစခန်းအနီးတွင် ၂ လုံး၊ အနောက်ရပ်ကွက် စံပြမုန့်ဆိုင်တွင် ၁ လုံးနှင့် တောင်မြိုရပ်ကွက် လယ်ကွက်အနီးတွင် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သီပေါမြို စံပြမုန့်ဆိုင်တွင် ညအိပ်စောင့်နေသည့် ကိုနိုင်သိန်း အသက် ၅၁ နှစ်ဆိုသူ သေဆုံးခဲ့ပြီး သီပေါရဲစခန်းတွင် အကျဥ်းကျနေသည့် ကိုရဲနှင့် ကိုဖိုးချို ၂ ဦး ထိခိုက် ဒဏ်ရာ အပြင်းအထန်ရရှိကာ စံပြမုန့်ဆိုင်၏ နှစ်ထပ်တိုက်ဆိုင်ခန်းလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

အလားတူ ည ၉ နာရီ ၅၀ မိနစ်ခန့်တွင်လည်း နမ့်လန်တွင် အခြေစိုက်ထားသည့် အကြမ်းဖက် စစ်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လွယ်ကျိုင်းကျေးရွာနှင့် အေရှာဝေါတိုးဂိတ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လွယ်ကျိုင်းကျေးရွာရှိ မနန်းဆိုင်နွန်းနှင့် ၎င်း၏ ၁၀ လသားအရွယ်နှင့် ၄ နှစ်အရွယ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးတင်ဝင်း၊ ဦးသိန်းထွန်း၊ ဦးစိုးမြင့်တို့ ၃ ဦးလည်း နဖူး၊ ဒူး၊ လက်၊ ရင်ဘတ်၊ မျက်စိနှင့်နောက်ကျောတိုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဒေသ ပြည်သူများ၏ နေအိမ် အလုံး ၂၀ ကျော်၊ အိမ်စီးကားများ၊ ဆိုင်ကယ်များနှင့် နေအိမ်အတွင်းရှိပ စ္စည်းများလည်း မီးလောင် ဆုံးရှံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article