30 C
Yangon

နတ်တလင်းမြို့နယ်တွင် စစ်တပ်နှင့် ရဲ ကို သတင်းပေးပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်ခိုင်းနေသည့် မြင့်ကြည် ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံး

Must read

နတ်တလင်းမြို့နယ်တွင် စစ်တပ်နှင့် ရဲ ကို သတင်းပေးပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်ခိုင်းနေသည့် မြင့်ကြည် ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၆

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ရဲများကို သတင်းပေးပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်ခိုင်းနေသည့် မြင့်ကြည် ဆိုသူကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ် တောင်ညို မြို့သစ် အောင်ရတနာရပ်ကွက်၊ ညောင်လှရွာတွင် နေထိုင်သော ဆိုင်ကယ် ကယ်ရီသမား ဟန် အယောင်ဆောင်၍ အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော မြင့်ကြည် ဆိုသူကို သာယာဝတီခရိုင် တပ်ရင်း – ၃၈၀၁ ၊ တပ်ခွဲ-၂ (Phoenix DF) မှ သွားရောက် ဖမ်းဆီး ခေါ်ဆောင်ရာ ပြန်လည်ခုခံသောကြောင့် ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော မြင့်ကြည် ဆိုသူသည် အကြမ်းဖက် စစ်တပ်နှင့် ပူပေါင်းကာ အချိန်အခါ မရှိ သွားလာလှုပ်ရှားခွင့် ရထားသူဖြစ်ပြီး တောင်သူလယ်သမား ပြည်သူများကို PDF နှင့် ပူးပေါင်းသည်ဟုဆိုကာ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်စစ်သား၊ ရဲများထံ လိမ်ညာ သတင်းပေးခြင်းတို့ လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရ သည်။

“သူ့ကို ဖမ်းတော့ ရဲဘော်တွေကို ပြန်ခုခံဖို့လုပ်လို့ တိုက်ခိုက်ခဲ့တာ သေဆုံးသွားတယ်။ တောစပ်မှာ လယ်လုပ်တဲ့ သူတွေက PDF ထောက်ပံ့နေတယ် ပူးပေါင်းနေတယ် လို့ စွပ်စွဲပြီး သူကဖမ်းခိုင်းနေတာ သူက ကယ်ရီဆွဲ သလိုလိုနဲ့ PDF သတင်းထောက်လှမ်းနေတာကြာပြီ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article