32.5 C
Yangon

ညောင်လေးပင်ခရိုင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီး ၁ ဦးဒဏ်ရာရရှိ၊ စစ်တပ်က ပြည်သူ ၂ ဦး အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေညှစ်မှုဖြစ်ပွား

Must read

ညောင်လေးပင်ခရိုင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီး ၁ ဦးဒဏ်ရာရရှိ၊ စစ်တပ်က ပြည်သူ ၂ ဦး အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေညှစ်မှုဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၇

ပဲခူးတိုင်း၊ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် KNU အုပ်ချုပ်မှုနယ်မြေ၊ ရွှေကျင်မြို့နယ်၊ အင်ဂနီ ကျေးရွာ အနီး အာ ဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၅၇ ၊ ခမရ−၃၅၀ ၊ ခမရ−၃၄၉ ပူးပေါင်းတပ်များနှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A) တပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ အင်ဂနီကျေးရွာအတွင်းသို့ လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းနေထိုင်သော အသက် ၂၃ နှစ်အရွယ် မအေးသီတာ တွင် လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၁၂ မိနစ်အချိန် KNU အုပ်ချုပ်မှုနယ်မြေ၊ မူးမြို့နယ်၊ လှေဒုံးရွာ ဘုန်း ကြီး ကျောင်းရှေ့နှင့် ဘောလုံးကွင်းအတွင်းသို့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ် ခမရ−၃၀၇ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ၎င်းတပ်ရင်းမှ တောကျွဲအင်းမြို့အရှေ့ဘက် ရွာသစ်ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ ခဲ့ရာ ကျေးရွာနေ အသက် ၅၅ နှစ်အရွယ် ဒေါ်ရင်ထွေး မှာ ဦးခေါင်းထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် ကျောက်တံခါးမြို့ပေါ်သို့ ဈေးသွားဝယ်သော သမင် အင်ကုန်းရွာသား ၂ ဦးဖြစ်သည့် စောထီးမူးနှင့် နော်သဒါးဖောတို့ကို ကျောက်တံခါးရဲတပ်ဖွဲ့အတွက် အလုပ်လုပ်ပေးနေသူ စောစိုးနိုင်ဝင်း မှ ကျောက်တံခါး ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ဖမ်းဆီးချုပ် နှောင်ကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် စောထီးမှူးကို ပြန်လွှတ်ပေးကာ ငွေဖြင့် ရွေးခိုင်းသဖြင့် အောက်တိုဘာလ ၄ ရက်နေ့တွင် ငွေ ၉ သိန်း သွားရောက်ပေးဆောင်ခဲ့ရပြီး နော်သဖားကို ခေါ်ဆောင်ခဲ့ရကြောင်း သိရှိရသည်။

ဓါတ်ပုံ − အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်မှု များ ကြောင့် ထိခိုက်သေဆုံးသူ ၁ ဦး။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article