27.4 C
Yangon

တနင်္သာရီမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်ထားသော စစ်ကောင်စီ၏ သိန္ဒောစခန်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

တနင်္သာရီမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်ထားသော စစ်ကောင်စီ၏ သိန္ဒောစခန်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၇

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်ထားသော အကြမ်းဖက် စစ်ကောင်စီ၏ သိန္ဒောစခန်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ သိန္ဒောရွာရှိ အကြမ်းဖက် စစ်ကောင်စီ၏ စခန်းဟောင်း တစ်ခုဖြစ်သော သိန္ဒောစခန်းကို အကြမ်းဖက် စစ်တပ်က K-8W Jet Fighter တိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စက်တင်ဘာလ ၂၅ ရက်နေ့တွင် စခန်း စွန့်ခွာ ထွက်ပြေးသွားသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး လက်ရှိချိန်တွင် စခန်းလွတ် တစ်ခုသာဖြစ်ပြီး လူသူမရှိသော စခန်းလွတ် တစ်ခုဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် တနင်္သာရီမြို့နယ်၊ အင်းရှည်ကုန်းရွာအတွင်းရှိ စစ်ရေး ပစ်မှတ်မဟုတ်သော ပြည်သူများ နေထိုင်ရာ ရွာများအတွင်းကိုလည်း တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းဗုံးကျဲ တိုက်ခိုက်ခိုက်မှုများအတွင်း ပြည်သူများ ထိခိုက်မှု မရှိသော်လည်း ကျေးရွာနေ ပြည်သူများ စစ်တပ်၏ အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှုများကို စိုးရိမ် ပူပန်မှုများရှိကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article