31 C
Yangon

ဂွမြို့နယ်တွင် AA က စစ်တပ်စခန်းတချို့ကို သိမ်းပိုက်ပြီးနောက် ဂွမြို့နှင့် ကျိန္တလီမြို့ ဆက်သွယ်ထားသည့် ကုလားပြင်တံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီး

Must read

ရန်ကုန်| အောက်တိုဘာ ၈

ရခိုင်ပြည် တောင်ပိုင်းဒေသ ဂွမြို့နှင့် ကျိန္တလီမြို့ကို ဆက်သွယ်ထားသည့် ကုလားပြင် တံတားကို စစ်ကောင်စီတပ်က တပ်ဆုတ်သွားပြီးနောက် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း AA က ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

AA က သံတွဲမြို့ကို သိမ်းပြီးနောက် ကျိန္တလီမှတစ်ဆင့် ဂွမြို့ သိမ်းပိုက်ရန် ထိုးစစ်ဆင်နွှဲချိန် ကျိန္တလီမြို့ထဲမှ ရဲနှင့်စစ်တပ်မှာ ကုလားပြင်ရွာဘက်သို တပ်ဆုတ်သွားခဲ့ကြောင်း ၊ ကျိန္တလီဒေသအတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်မှာ တစ်ပတ်ခန့်ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း၊ စစ်ကောင်စီက ကျိန္တလီပတ်ဝန်းကျင်၌လည်း ကြည်း၊ ရေ၊ လေ ခုခံနေသည့်ကြားမှ စစ်ရေးအရများစွာရှုးနိမ့်နေသည့် အပြင် ကျိန္တလီချောင်းကို ဖြတ်သန်းတည်ဆောက်ထားသည့် ကုလားပြင်တံတားကိုလည်း အောက် တိုဘာ ၇ ရက်၊ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်အချိန် တံတားအလယ်အား ဖောက်ခွဲဖျက်ဆီးပြီး ဂွဘက်သို့ ဆုတ်ခွာ သွားခဲ့ကြောင်း သိရှိရသည်။

AAက ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုန်နှင့် ကံဂေါ်တောင် (ကံကော်တောင်)တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ စခန်းများကို အောက်တိုဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်တပ်က အဆိုပါတံတားကို ဖောက်ခွဲဖျက်ဆီးကာ ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း၊ AA က ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များကို လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ကုလားပြင်ရွာထဲမှ တပ်စခန်းများကို AA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ယနေ့ နံနက်အထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသပြည်သူများထံမှ စုံစမ်းသိရှိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် တောင်ပိုင်းဒေသ သံတွဲ၊ တောင်ကုတ်၊ ဂွဒေသများကို နေ့စဉ်ဆိုသလို ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး အရပ်သားနေထိုင်ရာ မြို့ရွာများကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article