28 C
Yangon

တောင်သာနှင့် တောင်ငူတို့တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၅ ဦး ပစ်ခတ်ခံရပြီး ၅ ဦးလုံး သေဆုံး

Must read

တောင်သာနှင့် တောင်ငူတို့တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၅ ဦး ပစ်ခတ်ခံရပြီး ၅ ဦးလုံး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၈

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် PDF တပ်ဖွဲ့ဝင်များ၏ သတင်းများကို စောင့်ကြည့်ထောက် လှမ်းပြီး အကြမ်းဖက်စစ်တပ်ထံ ပေးပို့နေသော လင်းမယား ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာ ပင်သေဆုံးသွားကြောင်း ပုဂံဘီလူးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် တောင်သာမြို့နယ်၊ တောင်သာ – ဇဂျမ်း – ညောင်ဦး လမ်း ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ သွားလာမှုကို စောင့်ကြည့်ကာ အကြမ်းဖက်စစ် တပ်ထံ သတင်းပေး ပို့နေသော ဇဂျမ်းအုပ်စု၊ စိုင်ကန်ကျေးရွာနေ ပျူစောထီး စည်သူ (ခေါ်) ကိုရင် ကြီးနှင့် ဇနီးဖြစ်သူ မသီတို့ကို ပုဂံ ဘီလူးတပ်ဖွဲ့နှင့် မဟာမိတ်ညီနောင်များမှ ပစ်ခတ်ရှင်းလင်းခဲ့ရာ နှစ်ဦးစလုံး နေရာ မှာပင်သေဆုံးသွားကြောင်း သိရသည်။

“သူတို့က PDF တွေ အသွားအလာကို သတင်းယူပြီး စစ်တပ်ထံ ပေးပို့နေတာ။ သူတို့လင်မယား ကြောင့် ဖမ်းဆီးခံရလိုက်ရတဲ့ PDF ရဲဘော်တွေ ရှိတယ်။ အဓိကက PDF တပ်ဖွဲ့ဝင်တွေ အသွား အလာကို စောင့်ကြည့်ပြီး သတင်းပေးတဲ့အလုပ်ကို လင်းမယားနှစ်ယောက်စလုံးကလုပ်နေတာပါ၊ အဲဒါကြောင့် ဒီနေ့ပဲ ညောင်ဦး – ဇဂျန်းလမ်းပေါ်မှာ ပစ်ခတ်ရှင်းလင်းလိုက်ရတာပါ” ဟု ပုဂံဘီလူး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ညောင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ကောက်ယူလျက်ရှိသော သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူများကို ထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် တိုက်တွန်းထားသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာနှင့် ကရင်နီကျေးရွာချင်းဆက်လမ်းပေါ်တွင် အကြမ်းဖက် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူ ၃ ဦးပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသတော်လှန် ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၆ ရက် နံနက် အစောပိုင်းက တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာနှင့် ကရင်နီကုန်း ကျေးရွာ ချင်းဆက်လမ်းပေါ်တွင် အကြမ်းဖက် ဖက်စစ်ဆစ် စစ်တပ်၏ အကြီးစား ထောက်တိုင်များ ဖြစ်သော ရပ်/ကျေး ကြံ့ဖွတ်ပါတီဥက္ကဌလင်မယားနှင့် ရာအိမ်မှူး ၁ ဦး စုစုပေါင်း ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးနေသော အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရပြီး သေဆုံးသူများမှာ ကရင်နီကုန်းကျေးရွာနေ အသက် ၅၀ အရွယ် ရာအိမ်မှူး မျိုးမင်း၊ ကရင်နီကုန်းကျေးရွာတွင် နေထိုင်သည့် ကျောက်တိုင်ကျေးရွာအုပ်စု ကြံ့ဖွတ်ပါတီဥက္ကဌ စိုးနိုင်နှင့် ဇနီးဖြစ်သူ ဇင်မာထွေးတို့ဖြစ်ပြီး ၎င်းတို့ကို မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သတ်ဖြတ် သွားခြင်း သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article